သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနင့်ပူးပေါင်း၍ (၁၁.၁၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီက  ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ကုန်တင်ကားပြေးဆွဲရေး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်

18 Dec 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၂;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ”သိဒ္ဓိအောင်“ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက် တ

18 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်နှင့်ဝန်ထမ်းများသည် (၁၃-၁၂-၂၀၂၃) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်း၌ "စားသောက်ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်” ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

18 Dec 2023

    ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ စွန်မွန်းရပ် အ.လ.က (၄) အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ သို့ ကျောင်းသား/ကျောင်းသူ(၉၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

18 Dec 2023

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀) နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှ

Pages