သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jan 2025

           ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် ရောင်းချခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

07 Jan 2025

    ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

07 Jan 2025

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)နှင့်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေနှင့်သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

07 Jan 2025

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊  နံနက်(၀၉:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးသိန်း ယာဉ်အမှတ် 7J-2781  ISUZU မော်တော်ယာဥ်နှင့် ၉း၃၀ အချိန်တွင် ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,

07 Jan 2025

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဝေဘာဂီလမ်း၊ (ဌ)ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဆန်ဆိုင်(၄)ဆိုင် ဆန်ရောင်းဝယ် ရေးဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

Pages