သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် သမာဓိဆန်စက်လုပ်ငန်းသို့ စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဆန်စက် လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဖိုးလမင်းဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဆန်စက်လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန် ဈေးကွက် အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ၊ လူထု အခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အသိပညာပေး Talk Show ကို (၁၇-၁၂-၂၀၂၄)ရက်နေ့ နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရှိ အ.ထ.က-၂ ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေး ဟောပြောခြင်းကို ၁၈.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြသည်၊
