သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Jan 2025

          ၁၈.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

07 Jan 2025

သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄) ရက်နေ့ မွန်းလွှဲပိုင်းတွင် သထုံမြို့၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ အွန်လိုင်း လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

07 Jan 2025

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးတို့သည် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်သော “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက် ခဲ့ကြသည်။

07 Jan 2025

မုဒုံမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် လူငယ်စကားဝိုင်းကို (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

07 Jan 2025

             ၂၀၂၄  ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အင်တာပိုလ်၏(၁၇)ကြိမ်မြောက် ဆေးဝါးအတုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာအစီအစဥ်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့

Pages