
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၃)၊ စက်ရုံ လမ်း၊ မင်္ဂလာတောင်မြို့နယ် KSS နတ်သုဒ္ဓါဒံပေါက် သို့ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံး သူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်း စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်း မှတ်ပုံတင်လက်မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိညာပေးပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
