သတင်းနှင့် လှုပ်ရှားမှုများ
၂၃-၁၂-၂၀၂၄ နေ့(တနင်္လာနေ့)နံနက်(၁၀:၀၀)နာရီအချိန် အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ)ရှိ အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး မြို့နယ်ရုံးမှ ဦးတင်မျိုးခိုင်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း(မြို့မ)၌ အသိပညာပေးဟောပြောပွဲအား ဆောင်ရွက် ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၆.၁၂.၂၀၂၄ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်၍ ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာ များ၊ဆီအသင်းအဖွဲ့များနှင့်ဆီစက်ချေးငွေရယူထားသော လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။ ပြည်ပမှစားသုံးဆီတင်သွင်းမှုလျော့ကျစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ဒေသတွင်း ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆီစက်များအနေဖြ
ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသော သီးနှံဖြစ်ပြီး ကောက်ရိုးမှို စိုက်ပျိုးခြင်းသည်မြန်မာလူမျိူးတို့နှင့် မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုး ပြတ်ပုံ ၊ နှမ်းပြောင်းပုံ၊ ဂုန်လျှော်အဆွေးပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက် လာသည်ကို တွေ့ရတတ်ပေသည်။

၂၃.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးဆိုင်ရာ” သင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
