သတင်းနှင့် လှုပ်ရှားမှုများ
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်း ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်တင်တင်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)မှ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၈) ပေပါကို ယာဥ်မောင်း ဦးသန်းဇော်ဦး၊ ယာဉ်အမှတ် 5G-7822၊ HINO အမျိုးအစား မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်

(အညာဒေသ) မကွေးတိုင်းဒေသကြီးတွင် ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ယခင် နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း မကွေးမြို့၊ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးတို့ရှိ ထန်းပင်မြစ်ရောင်းဝယ်သူများထံက သိရသည်။ ၂၀၂၄ခုနှစ်၊ ယခုဇန်နဝါရီလ (ဒုတိယပတ်)တွင် ထန်းပင်မြစ်ဈေးနှုန်းအနေဖြင့် ထန်းပင်မြစ်(သေး) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၈၀၀)၊ ထန်းပင်မြစ်(လတ်) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၁၀၀၀)နှင့် ထန်းပင်မြစ်(ကြီး) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၁၂၀၀)ဖြစ်ပြီး အညာကျေးလက်ဒေသရှိ တောင်သူလယ်သမား ကြီးများအတ
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၊ ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆာဒိုဝါးဆေးရုံ၊ စံ၊ ဝါဝါလင်းဆေးဆိုင်များအား စျေးကွက်စောင့် ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ

ဇီးဖြူသီးထွက်ရှိရာ ဒေသများဖြစ်ကြသည့် မန္တလေး၊စစ်ကိုင်း အနီးတဝိုက်တို့တွင် ဇီးဖြူပင်များသည် အလေ့ကျပေါက်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုးအနီးတဝိုက်တွင် စိုက်ပျိုးပြီး မိမိတို့ အိမ်တွင် စားသုံးရန်မက ပိုလျံသည့် အသီးများကို ဈေးသို့ တင်ပို့ရောင်းချပြီး စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရှိရသည်။ ဇီးဖြူပင်သည် နှစ်ရှည်အသီးတစ်မျိုးဖြစ် သည် ။ သီတင်းကျွတ်လမှ ပြာသိုလအထိ စဉ်ဆက်မပြတ်သီးလျက်ရှိပါသည်။ ဇီးဖြူသီး ၁၀ လုံးလျှင် ကျပ် ၃၀၀ မှ ၄၀၀ ထိ ၊တစ်ပြည်လ