သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

Laptop ကွန်ပျူတာသည် သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသောကြောင့် နေရာမရွေး အသုံးပြုနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းခွင်၊ ပညာရေး၊ ဖျော်ဖြေရေးနှင့် နေ့စဉ်ဘဝတို့တွင် အသုံးပြုမှုများပြားလာသော လူသုံးကုန်ပစ္စည်း တစ်ခုဖြစ်လာပါသည်။
ယနေ့ခေတ်တွင် Social Media အခန်းကဏ္ဍသည် အလွန်အရေးပါလာခဲ့ပါသည်။ Social Media များအသုံးပြု၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချလာကြသည်ကိုလည်း တွေ့မြင်လာရပါသည်။ ထိုသို့ ရောင်းသူနှင့်ဝယ်သူများအားလုံး အဆင်မပြေမှုပြဿနာများမှ ကင်းဝေးဏေရန်အတွက် eComreg Online Registration www.ecomreg.gov.mm စနစ်တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြရန် လိုအပ်ပါသည်။ eComreg Online Registration (မှတ်ပုံတင်)စနစ်တွင် မှတ်ပုံ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ၁၈/ ၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

ကမ္ဘာတဝှမ်းလုံးတွင် Covid-19 ရောဂါဖြစ်ပါပြီးနောက် မြန်မာနိုင်ငံအတွင်း Internet ရှိရုံမျှဖြင့် You Tube၊ Gmail ၊ ဆိုရှယ်မီဒီယာများ အသုံးပြု၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာကြပြီး Online စနစ်ဖြင့် မိမိတို့၏ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အထည်အလိပ်၊ အဝတ်အထည် အစရှိသဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ကြော်ငြာခြင်း၊ ဝန်ဆောင်မှု ပြုလုပ်ခြင်း လုပ်ငန်းများလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။