သတင်းနှင့် လှုပ်ရှားမှုများ
၂၆.12.2024 ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇင်မင်းထွန်း( လ/ထ ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် Super One (ကျိုက္ကဆံ) အတွင်းရှိ ဆီအမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄-၁၂-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ရေနံ့သာကျေးရွာရှိ YYပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများ လစာထုတ်ယူချိန်တွင် Than Thar Trading Co.,Ltd သရက်မြို့ကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင် မှ စားအုန်းဆီ ပိဿာ(၁၈၅)ပိဿာအားရောင်းချရာတွင် ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သား ဘူးအပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း ပင်စင်စား (၃၇၀)ဦးအား သက်ဆိုင်ရာ ဌာနမ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံသည် (၂၀-၁၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာကြည့်တိုက်ခန်းမ၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး၌ (၂၁.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးမှ တောင်တွင်းကြီးမြို့နယ်ရှိ ကြားပွဲစားများကို စျေးကစား မှုမရှိစေရေးနှင့် စျေးကစားပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
