သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၄.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နေ့လည်(၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ ၃ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပ ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက် ခဲ့ပါ သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် (၁၀း၄၅) နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်ထမ်းများအား ရုံးချုပ်၏

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ ၃ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီးမှ အောင်နိုင်ဆုများ ဆွတ်ခူးရရှိခဲ့သည့် အားကစား သမား များအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါ သည်။
