သတင်းနှင့် လှုပ်ရှားမှုများ
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍(၃-၁-၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂)ခြေခံပညာအလယ်တန်းကျောင်းရှိဆရာ/ ဆရာမ ၂၈ ဦး၊ကျောင်းသား/ကျောင်းသူ (၂၄၂)ဦး စုစုပေါင်း (၂၇၈)ဦးအား မိမိတို့နေ့စဉ်ဝယ်ယူသုံးစွဲ၊ စားသောက်နေသောစားသောက်ကုန်စည်၊ လူသုံးကုန်စည်များနှင့် ပတ်သက်၍ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် စားသုံးသကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များအား

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည် ထက်မြက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၂၆) ရက်နေ့ နှင့် (၂၇) ရက်နေ့များတွင် ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်၊ဒေးဒရဲမြို့နယ်များရှိ ဝန်ထမ်း (၁၉) ဦးအား ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းများဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂.၁.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၀၀)နာရီတွင် ဟင်္သာတမြို့၊ ကရင်ကျောင်းလမ်း၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ ကွန်ပျုတာတက္ကသိုလ်ဝန်းအတွင်း ရွှေဝါထွန်းခမ်းမ၌ တက္ကသိုလ်ဆရာ/ဆရာမများနှင့် ကျောင်းသား /ကျောင်းသူ(၂၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၂.၁.၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့(ငွေသာစည်) စည်ပင်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
