လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျိုက်မရောမြို့နယ်တာဝန်ခံ တက်ရောက်

Powered by Drupal

       ၁၈.၁၀.၂၀၂၅ ရက်နေ့ နံနက်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ပိန္နဲကုန်း (အ.ထ.က) ကျောင်း၌  ကျင်းပပြုလုပ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

      ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ သင်တန်းကို အောက်တိုဘာ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ အထိ(၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ ချပေးမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA (မွန်)