ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာ ဂွေးချိုသီးအကြောင်း

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည် သီးနှံပင် များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များ စိုက်ပျိုး ကြရာ မိသားစု ဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ ကြောင်း သိရသည်။ ပုသိမ်မြို့နယ်တွင် ဂွေးချိုသီးပင် စိုက်ပျိုးရာတွင် ရေခံ၊မြေခံကောင်းသော နေရာများတွင်သာ စိုက်ပျိုးမှ အောင်ဖြစ်ထွန်းကြောင်း၊ ဂွေးချိုသီးပင်သည် ရာသီမရွေးအသီးသီးကြောင်း၊ ဂွေးချို သီးပင် စိုက်ပျိုးရာတွင် မြေသြဇာပေး၍ စနစ်တကျပျိုးထောင်ရခြင်း၊ ရေကိုလုံလောက်စွာပေးရ ကြောင်း သိရပြီး ပုသိမ်မြို့နယ်တွင် ဂွေးချိုသီးတစ်လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိ စျေးရရှိပြီး မြို့ပေါ်စျေးများနှင့် စျေးဆိုင်များသို့ရောင်းချလျက်ရှိကြောင်း ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူ တစ်ဦးထံမှ သိရသည်။ DOCA(ဧရာဝတီ)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

ထိုင်း၏ ကျန်းမာရေးထုတ်ကုန်များ မြန်မာဈေးကွက်တွင် တိုးတက်လာ

၂၀၂၅ ခုနှစ် အတွင်း၌ ထိုင်းနိုင်ငံမှ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းထုတ်လုပ်သူများသည် မြန်မာနိုင်ငံရှိ ဈေးကွက်ထဲသို့ ပိုမိုဝင်ရောက်လာနေသည်။ ယခုအချိန်တွင် ထိုင်းထုတ် OTC (Over-the-Counter) ဆေးဝါးများ၊ ကျန်းမာရေးအထောက်အကူပြု စပ်ပလီမင့်များနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ (Medical Devices) တို့သည် မြန်မာအသုံးပြုသူများထံမှ ယုံကြည်မှုရရှိလာခြင်းကြောင့် ရောင်းအား တဖြည်းဖြည်း တိုးလာနေကြောင်း သိရှိရပါတယ်။ ထိုင်းကုမ္ပဏီများအနေဖြင့် Myanmar FDA မှ ခွင့်ပြုချက်ရရှိထားသော ထုတ်ကုန်အမျိုးအစားများဖြင့် မြန်မာစျေးကွက်ကို ပုံမှန်တင်သွင်းနေပြီဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးဆိုင်ကြီးများ၊ ဆေးရုံများနှင့် ကျန်းမာရေးဈေးကွက်တစ်ဝန်းတွင် သုံးစွဲသူများ၏ စိတ်ကြိုက်အဖြစ် အသိအမှတ်ပြုလာကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျန်းမာရေးအသိပညာ တိုးလာခြင်းနှင့်အမျှ စပ်ပလီမင့်များ၊ ဗီတာမင်များအတွက် လိုအပ်ချက် တိုးလာခြင်းကြောင့် ထိုင်းထုတ်ကုန်များအတွက် အခွင့်အလမ်း ပိုမိုဖြစ်ပေါ်လာနေသည်။ ထိုင်းကုမ္ပဏီအချို့ကတော့ မြန်မာတွင် တိုက်ရိုက်အေဂျင်စီဖွင့်ရန် စီစဉ်နေပြီး ထုတ်ကုန်ထုတ်လုပ်မှုကိုလည်း ရှေ့ဆက်တိုးချဲ့ရန် စဉ်းစားနေကြောင်း အာရှသတင်း တင်ဆက်မှုများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပုသိမ်မြို့တွင်းရှိ ပြောင်းဖူးဈေးကွက်ကြောင်း

ပြောင်းဖူးအမျှင်ဓာတ်သည်လည်း အရမ်းအသုံးဝင်လှပါသည်။ ဆီးချိုသွေးချိုသမားများအတွက် အမျှင်ဓာတ်များ စားသုံး ပေးရန် လိုအပ်လှပါသည်။ ပြောင်းဖူး၏အမျှင်ဓာတ်များက ဆီးချိုသွေးချို ရောဂါသမားများ၏ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါသည်။ ပြောင်းဖူးတစ်ခွက်စာ ပမာဏ မှာ တစ်နေ့တာလိုအပ်သည့်အမျှင်ဓာတ် ၁၈.၄ရာခိုင်နှုန်း ပါဝင်ပါ သည်။ ပြောင်းဖူးအမျှင်များကို ရေနွေးဖြင့် ကျိုသောက်ပါကလည်း အမျှင်ဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် သွေးတွင်းကို လက်ထရော အဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါသည်။ ပြောင်းဖူးကို ပြုတ်၍စားလို့ရသလို၊ ကြော်စားလို့လဲရပါသည်။ တချို့မှာ ပြောင်းဖူးလဖက်ထောင်း၊ ယိုးဒယားပြောင်းဖူးထောင်း စသည်ဖြင့် မိမိကြိုက်နှစ်သလို ချက်ပြုတ်စားသောက်ကြပါသည်။ ပြောင်းဖူး တစ်ဖူး၏ ဈေးနှုန်းမှာ အစိမ်းတစ်ဖူးလျှင် ၅၀၀ - ၆၀၀ ကျပ်ရှိကြောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

မိုးရာသီတွင် ထွက်ရှိသောကောက်ကောက်ရိုးအကြောင်း

ကောက်ကောက်ရိုးသည် မိုးရာသီကာလတွင်ပေါများစွာထွက်ပါသည်။ ကောက်ကောက်ရိုးကို ဟင်းလှော်စားရာတွင်ထမင်းမိန်စေပါသည်။ တချို့မှာ မှိုနှင့်ရော၍ကြော်စားကျသလို တချို့မှာလည်း ပုစွန်နှင့်ရော၍ ကြော်စားကြသည်။ ကောက်ကောက်ရိုးကိုသီးခြားစိုက်ပျိုးစရာမလိုပါ။ အလေ့ကျ ရာသီစာအရွက်လည်းဖြစ်ပါ သည်။ ကောက်ကောက်ရိုးတစ်စည်းလျှင် ပုံမှန်အားဖြင့် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်အထိရှိကြောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ပုသိမ်မြို့အတွင်းရှိ မင်းကွတ်သီးဈေးကွက်အကြောင်း

အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့် တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါတယ်။ နောက်တစ်ခု ကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။ မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ် အောင့်ခြင်း၊ နှလုံး နာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုလည်း ကောင်းမွန် စေတာကြောင့်အမြင်အာရုံလည်းတိုးတက်ကောင်းမွန်စေပါသေးတယ်။ မင်းကွတ်သီး ၏ ဈေးနှုန်းမှာ အလုံး အရွယ်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲလျက် ရှိပါသည်။ အလုံးသေး တစ်လုံးလျှင် ၁၅၀ ကျပ်၊ အလုံးလတ် တစ်လုံးလျှင် ၂၀၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် ၂၅၀ကျပ် အထိ ရှိကြောင်း အသီးရောင်းချသူများမှ သိရှိရပါသည်။ (DOCA ဧရာဝတီ)

ပုသိမ်မြို့တွင်ကြက်သွန်ဖြူ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူကို တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချား မြို့နယ်များမှာ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျို ကြ သည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လအကြာ ဖေဖော်ဝါရီလမှ မတ်လများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးသော သီးနှံဖြစ်ပါတယ်။ ယခင်လ၌ ပုသိမ်မြို့တွင်ကြက်သွန်ဖြူဈေးနှုန်းမှာ တပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၁၈၀၀၀)ထိရှိပြီး ၊ ယခုလတွင် ကြက်သွန်ဖြူဈေးနှုန်းမှာ တပိဿာလျှင်(၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိသို့ ကျဆင်းသွားကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော နံနံပင်ဈေးကွက်အကြောင်း

ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော နံနံပင်ဈေးကွက်အကြောင်းမြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ် မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင် လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကို တို့စရာအဖြစ်လည်း စားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ ဈေးကြီးပေးရသည်။ ပုသိမ်မြို့တွင်ယခုမိုးရာသီတွင် မိုးရာသီကာလဖြစ်သည့်အတွက် နံနံပင်ဈေးနှုန်းမှာ ဈေးကွက် အတွင်း တစ်ဆယ်သားလျှင် (၂၀၀၀) ကျပ်အထိရှိကြောင်းရောင်းချသူထံမှ သတင်းရရှိ လျက်ရှိ ပါသည်။ DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးမှု အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၆၁၁၄၀၉ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၆၁၁၇၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၂၉၁ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မအူပင်ခရိုင်အောက်ရှိ မြို့နယ်ဒေသတွင်း ဝမ်းစာဖူလုံရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးကောင်းမျိုးသန့် များကို သက်ဆိုင်ရာဌာနကပံ့ပိုးပေးခြင်း၊ စံပြစိုက်ကွက်များ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန် နည်းပညာဖော်ဆောင်ပေးခြင်း ၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့်သွင်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစု ဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ၊ စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနည်းပညာပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စံပြလယ်ဧကများကို လက်တွေ့ မျိုးစပါးကျဲပတ်ခြင်း ကို တောင်သူများနှင့် တွေ့ဆုံ၍ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ကလည်း မြေပြင်ကွင်းဆင်းအသိ ပညာပေးခြင်း၊ ထောက်ပံ့ခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မအူပင်ခရိုင်တွင် မိုးစပါးများစိုက်ပျိုးရာ၌ မိုးရေးကို အဓိကထား ရေမြောင်းများခံ အသုံးပြု၍ စိုက်ပျိုးပြီး ပျိုးထောင်စိုက်ပျိုးခြင်း (၃၄၅၉၀) ဧက၊ မျိုးစေ့ကျဲ စိုက်ခင်း (၅၇၀၀၀၀) ဧက၊ ဘောင်ပျိုးခင်း (၇၁၁၀) ဧက၊ ၊ စုစုပေါင်း ၆၁၁၇၀၀ ဧကကို စိုက်ပျိုးနိုင်ထားပြီး အရည်အသွေးကောင်း စပါးမျိုးဖြစ်သည့် ကရင်မ၊ ရက် ၉၀၊ GW- 11 ၊ ဆင်းသုခ(Rs)မျိုးစပါး၊ မနောသုခ၊ ရတနာတိုး၊ ဧည့်မထ စပါးများ ကိုစိုက်ပျိုးပြီး တောင်သူများက စပါးကို အဓိကထားကြိုပမ်းစိုက်ပျိုးကြကြောင်း သိရသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း