ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး အနည်းငယ်အေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၇၀၀)တင်း/ (၁၀၇)တန်ဖြစ်ကြောင်း၊ ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန်တစ်တင်းလျှင် (၃၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၂၈၈၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်များ အဝင်များ၍ ဈေးအနည်းငယ်ကျပြီး ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲလုံးဆန်များအား ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ဆီကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။ အောက်တိုဘာလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၇၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး 500cc တစ်ဘူးလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓာတ်မြေဩဇာ၊ MC တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ စက်တင်ဘာလ၊ တတိယအပတ်မှ အောက်တိုဘာလ၊ တတိယအပတ်ထိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း၊ ယခုအပတ်တွင် ရွှေဘိုမြို့၌ မိုးစပါးများစိုက်ပျိုးထားချိန်ဖြစ်၍ ပုံမှန်ထက် ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

၂၀၂၄ခုနှစ် အောက်တိုဘာလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

ဓနုဖြူ ဦးဝေလင်းရှိန်၏ ကွမ်းစိုက်ခင်းနှင့် ဈေးနှုန်းကောင်းသောကွမ်း ဈေးကွက်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း