ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ ပွင့်ဖြူမြို့၊ မန္တလေးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် အခြားမြို့များမှလည်း မှာယူ၍ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ သစ်သီးဝလံဈေးနှုန်းများမှာ ဖရဲသီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ် (၂၄၀၀၀)၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ သလဲသီး(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ နဂါးမောက်သီး(၁)လုံး လျှင် ကျပ်(၂၀၀၀)၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ လိမ္မော်သီး(အသေး)(၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ ယိုးဒယားသရက်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ တည်သီး(၁)လုံးလျှင် ကျပ်(၁၅၀၀)၊ ငှက်ပျောသီး(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀)၊ အုန်းသီး(၁)လုံးလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးရောင်းဝယ်သူဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ နိုဝင်ဘာလ(စတုတ္တပတ်)အတွင်းရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိ ကျေးရွာများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္တပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဇီယာဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀)၊ ‌ပေါ်ဆန်း(ဖျာပုံ) (၁)ပြည်လျှင် ကျပ်(၆၅၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၅၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မျှင်ငါးပိ (၁) ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁) ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငရုတ်သီးခြောက်(ရှည်) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငရုတ်သီးအလှော်မုန့်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊  ချင်းတက်(၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၇၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ မုန်ညှင်း(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၁၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ချဉ်‌ပေါင်ရွက်(၁) စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၁၀၀)၊ ပြောင်းဖူး (သကြား)(၁)ဖူးလျှင် ကျပ်(၅၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ် (၇၈၀၀)၊ မောင်မခေါ်ပဲ(၁)ပြည်လျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မြစ်ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ မြစ်ငါးဘတ်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ မြစ်ပုစွန်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ မြစ်ငါးသလောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၂၅၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၅၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၅၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိရောင်းချသည့် ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

Palm Oil Wholesale Reference Price announced that Ks 4,920 per Viss

     The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,920 per Viss for the period from 4 December 2023 to 10 December 2023.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

    The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၁၂.၂၀၂၃ )

     ၃.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂.၁၂.၂၀၂၃ )

    ၂.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁.၁၂.၂၀၂၃)

    ၁.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁.၁၂.၂၀၂၃)

  ၁.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၁၂.၂၀၂၃ )

     ၁.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မင်းဘူးမြို့၊ မြို့မဈေး၌ နိုဝင်ဘာလ(တတိယပတ်)အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့မဈေးအတွင်းသို့ ရေပုတ်၊ စကု၊ သိမ်ကုန်း၊ ငဖဲ၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ နွယ်တမယ်၊ ဆိပ်ဖြူနှင့် ရှမ်းပြည်နယ်၊ အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးမှာယူရောင်းချကြကြောင်း သိရသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် မင်းဘူးမြို့မဈေး၌ရောင်းချနေသော ဟင်းသီးဟင်း ရွက်ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၃၀၀-၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ချင်း (၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊  ပန်းမုန်လာပွင့် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ မုန်လာဥ အနီ(အကြီး)(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ရွှေဖရုံသီး (၁)လုံးလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ မုန့်ညှင်းထုပ် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၄၀၀၀)၊ ကျောက်ဖရုံသီး (၁)လုံးလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ဂေါ်ရခါးသီး (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊  အာလူး(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP) (၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း