ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

            ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန် များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၇၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၃၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၉၅၀၀)ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုး အစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀) ကျပ် မှ (၃၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

          ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ  (၉၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်နိုဝင်ဘာလ စတုတ္ထအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ်၊ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ ငရုတ်ခြောက် အမျိုး အစားအလိုက်  (၃၀၀၀)  ကျပ်၊ အာလူးတစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၅၀၀) ကျပ် ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး အခြေခံစား ကုန်ဈေးနှုန်း များကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး  ဈေးရောင်း ချသူများ ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အရောင်းအဝယ်ဖြစ်‌နေသော ပဲမြစ်စျေးကွက်

   ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မကျည်းတောကျေးရွာမှ ပဲမြစ်များ ဒီဇင်ဘာလပထမအပတ်မှစတင်၍ ဈေးကွက်အတွင်း စတင် ဝင်ရောက်လာကြောင်း သိရပါသည်။ မကျည်းတောဒေသမှ ထွက်ရှိသော ပဲမြစ်များသည် အခြားဒေသမှ ထွက်ရှိသော ပဲမြစ်များထက် အရသာမှာ ချိုဆိမ့်ပြီးစေးပိုင်နေသောကြောင့် ယခုလိုဆောင်းရာသီ  ပဲမြစ်ပေါ်ချိန်တွင် တံတားဦးဒေသထွက် မကျည်းတောပဲမြစ်မှာ လူသိများထင်းရှားကြောင်း သိရသည်။ ဘားအံမြို့ပေါ်ရှိ စျေးများတွင် အရောင်းအဝယ်ဖြစ်နေသော ပဲမြစ်စျေးနှုန်းများမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၄၅၀၀- ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ပဲမြစ်တွင် Vitamin D, Calcium, magnesium, antioxidant ဓာတ်များစွာ ပါဝင်သဖြင့် ပဲမြစ်တို့ကို စားသုံးခြင်းဖြင့် အမြင်အာရုံအားကောင်းစေခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်စေခြင်း၊ ပန်းနာရင်ကျပ်ရောဂါမှ ကာကွယ်စေခြင်း၊ အိုမင်းရင့် ရော်ခြင်းကို ကာကွယ်စေခြင်း၊ အဆီကျစေခြင်း၊ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်ဆိပ်တက်ခြင်းမှ ကာကွယ်စေခြင်း စသည့်အကျိုးအာနိသင်များကို ရရှိစေကြောင်း သိရသည်။ ပဲမြစ်ပြုတ်သည် ချို၊ အီ၊ စိမ့် အရသာများအပြင် အစေးဓာတ်ပါဝင်သည့်အတွက် အရသာရှိပြီး လူအများနှစ်သက်စွာစားသုံးကြသော ရာသီစာ အစားအစာတစ်မျိုးဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

 

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

           မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ  တည်ငြိမ်လျက်ရှိပါကြောင်းသိရပါသည်။

       မုံရွာမြို့၏ ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါး(သစ်)တင် ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀ မှ ၂၀၀၀၀၀၀ ထိ၊ ဧရာမင်းစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၃၄၀၀၀၀၀ မှ ၃၅၀၀၀၀၀ ထိ၊ ဧရာမင်းဆန်(သစ်)  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၈၀၀၀၀ မှ ၉၀၀၀၀ ထိ၊ ဧရာမင်းဆန်(ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၁၃၀၀၀၀ မှ ၁၃၅၀၀၀ ထိ၊ မနောသုခစပါး(သစ်)တင် ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ မနောသုခဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ မှ ၆၅၀၀၀ ထိ၊  မနောသုခဆန်(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၈၅၀၀၀ ထိ၊  ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ကျပ် ၃၄၀၀၀၀၀ မှ ၃၅၀၀၀၀၀ ထိ၊  ပေါ်ဆန်းစပါး(ဟောင်း)တင် ပေါ်ဆန်းဆန်(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ မှ ၁၅၀၀၀၀ ထိ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိပါသည်။

          ယခင်လနိုဝင်ဘာလ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများ နှင့် ယခုလဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဧရာမင်းစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀ မြင့်တက်လျက်ရှိပြီး ကျန်စပါး/ဆန် ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင် တစ်ဦးထံမှ သိရှိရပါသည်

DOCA(စစ်ကိုင်း)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် (၁-၁၂-၂၀၂၃) ရက်နေ့နှင့် (၂-၁၂-၂၀၂၃) ရက်နေ့တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ မင်္ဂလာဈေး၊ ကန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်နှင့် နှင်းပုလဲကျေးရွာတို့၌ စားဆီများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများကို ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်နှင့် နှင်းပုလဲကျေးရွာရှိ ကုန်စုံဆိုင်များတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘားအံမြို့ ရုံးပတီသီးဈေးကွက်

         ဘားအံမြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်‌ငွေရရှိစေရေး ရုံးပတီသီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်း မှထွက်ရှိလာသော ရုံးပတီသီးများအား ဘားအံမြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရသည်။ ဒေသခံများ လာရောက်ရောင်းချသော ရုံးပတီသီးများ၏ ဈေးနှုန်းများမှ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ သုံးဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးတောင့်စီး (၁)စီး လျှင်- ၃၀၀ ကျပ် (၂)စီး- ၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း  ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ရုံးပတီသီးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုများစွာဖြစ်ပေါ်စေနိုင်သည်။ ရုံးပတီသီးဟာ အမျှင်ဓါတ်အလွန်ကြွယ်ဝစွာပါဝင်သည့်အတွက် အစာခြေစနစ် ကောင်းမွန်စေခြင်း၊ ဆီးချိုသမားများအတွက်လည်း Glucose level ကို ထိန်းချုပ်ပေးခြင်း၊ သွေးတွင်းသကြားဓါတ်ကို လိုတာထက်ပိုမများအောင် ထိန်ချုပ်ပေးခြင်း၊ ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်များစားသုံးပေးပါက သားအိမ်တွင်းရှိ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းမှုများ မဖြစ်အောင်စွမ်းဆောင်နိုင်ခြင်း၊ ဗီတာမင် K နှင့် ဖောလစ်အက်ဆစ်က အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း၊ ဗီတာမင် C ပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတ်တွေမှကာကွယ်ပေးခြင်းသလို ပန်နာ ရင်ကြပ် သမားတွေကို အထူးသက်သာစေနိုင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးပေးသင့်သော သီးနှံတစ်မျိုးကြောင်း သိရှိရပါသည်။

          ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည် ရုံးပတီသီးကို စျေးများတွင် အလွယ်တကူဝယ်ယူ၍ ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ ပြုတ်ပြီး အတို့အမြုပ်အဖြစ် စားသုံးခြင်း၊ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်တို့နဲ့တို့စားခြင်းစသည့်ဖြင့် အမျိုးမျိုးပြုလုပ်၍  စားသုံးသင့်ကြောင်း ရေးသား ဖော်ပြလိုက်သည်။

DOCA(ကရင်)

         

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၈.၁၂.၂၀၂၃)

    ၈.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

ဈေးကောင်းရသည့် ပဲတောင့်ရှည် စျေးကွက်

          ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံများကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် ပဲတောင့်ရှည်အပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိသည်။ ပဲတောင့်ရှည်သည် ရာသီစာ သီးနှံမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင်သီးနှံတစ်မျိုးဖြစ်သည်။ ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေ၊ သဘာဝနှင့် မျိုးစိတ်ပေါ်မူတည်၍ ၁၂ လက်မမှ ၃၀ လက်မအထိ အရှည်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ထွက်ရှိလာသော ပဲတောင့်ရှည်များကို ဘားအံမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုင်ရောင်းချခြင်း (သို့မဟုတ်) တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည် ပေး၍လည်း ရောင်းချကြပါသေးသည်။ ဘားအံမြို့ပေါ်ရှိ ရေးပေါ်ဈေးသို့ လာရောက်ရောင်းချသော ပဲတောင့်ရှည် စျေးနှုန်းများမှ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ သုံးဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 

        ပဲတောင့်ရှည်တွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်နှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါရှိသည့် အပြင် ဗီတာမင်စီ၊ မဂ္ဂနီစီယမ်နှင့် မဂ္ဂနီစ်တို့လည်းပါဝင်သည်။ ထို့ကြောင့် ပဲတောင့်ရှည်ကို အားအင် ပြည့်ဝသောအစားအစာအဖြစ် စားသုံးသင့်သည်။ ကယ်လိုရီနည်းသော အစိမ်းရောင်သီးနှံဖြစ်သည့် ပဲတောင့် ရှည်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ချနိုင်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသည့်အတွက် ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ပဲတောင့်ရှည် စားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေသည့်အပြင် နှလုံးသွေးကြောနှင့် သက်ဆိုင်သောရောဂါများကို ကာကွယ်ပေးခြင်း၊ ပိုတက်စီယမ်ကြွယ်ဝသည့်အတွက် သွေးတိုးရောဂါ ဖြစ်ခြင်းမှလည်း ကြိုတင်ကာကွယ်စေနိုင်ပါသည်။ ပဲတောင့်ရှည်သည် စားသုံးသူများအတွက် ဆေးဖက် ဝင်ပြီး၊ ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူဝယ်ယူရရှိနိုင်ကာ အာဟာရလည်း ဖြစ်စေသည့်အတွက် စားသုံးပေးသင့်ကြောင်း ရေးသားအပ်ပါသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၈.၁၂.၂၀၂၃)

   ၈.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပေါ်ဦးပေါ်ဖျား ဇီးသီးစျေးကွက်

         ဇီးသီးပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်ပြီး “ဇီးသီး” အများဆုံးထွက်ရှိသည့် ရာသီမှာဆောင်းရာသီ ဖြစ်ပါသည်။ “ဇီးသီး”ဟာဆိုရင် ရာသီစာဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးစားခွင့် မရှိဘဲ တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံတစ်မျိုးဖြစ်ပါသည်။ “ဇီးသီး”တွင် ‌ရေဓာတ်များစွာပါဝင်ပြီး ချိုအေးသည့် အရသာရှိပြီး လူအများနှစ်သက်စွာ စားသုံးတတ်ကြပါသေးသည်။ “ဇီးသီး” အမျိုးပေါင်းများစွာရှိပြီး ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပဲလှော်၊ ဇီးကြက်ဥဟူ၍ အမျိုးအစားများစွာရှိပြီး စလေနယ်တစ်ဝိုက်မှ ထွက်ရှိသော “ဇီးသီး”ကို စလေဇီးသီးဟု၍ လူကြိုက်များလှပါသေးသည်။

          “ဇီးသီး”တွင် လူသားတို့၏ ကျန်းမာ‌ရေးကို အကျိုးပြုစေသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် ဘေးဥပါဒ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါဝင်ပါ။ အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီလုံလောက်စွာပါဝင်သည့်“ဇီးသီး”လတ်လတ်ဆတ်ဆတ်ကို စားသုံးသင့်ပါသည်။ “ဇီးသီး”တွင် လူတို့၏ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များစွာ ပါဝင်သည့်အတွက် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်စေခြင်း၊ နှလုံး၊ သွေးတိုးရောဂါတို့မှ ကာကွယ်စေခြင်း၊ ဦးနှောက်မှတ်ဉာဏ်စွမ်းအားကို ကျန်းမာတိုးတက်စေခြင်း၊ အမြင်အာရုံချို့တဲ့ခြင်းမှ ကာကွယ်စေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့် မားစေခြင်း၊ ဆီးရွှင်စေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

          ဘားအံမြို့၊ ရေပေါ်ဈေးသို့ ဆောင်းရာသီအစပိုင်းတွင် ပေါ်ဦးပေါ်ဖျား ဇီးသီးများ ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး စျေးနှုန်းများမှာ တစ်ပြည်လျှင်- ၃၅၀၀ ကျပ်၊ တစ်ဘူးလျှင်- ၅၀၀ ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း