သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

   ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း ၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၅.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ အသင်းသား (၇)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည် အုပ်စုနှင့် ဝန်ဆောင်မှု အုပ်စုသတ်မှတ်ထားရှိမှုများ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အခြေခံ  လိုအပ်ချက်များ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့် အထောက်အထားများ၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ eComReg System ၏  Report နှင့် ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ    တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်ရှိ 9sevenသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် 9sevenသောက်ရေသန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါ သည်။

DOCA(ရှမ်း)

ဖျာပုံမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံ-ကျိုက်လတ် ကားလမ်းမပေါ်ရှိ စားသောက်ဆိုင် (၂) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင်များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြုသော အိုး၊ ခွက်၊ ဇွန်း၊ ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ ငါးများကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများအား ဆေးကြော၍ စနစ်တကျထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မြတ် အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နေ့လယ်(:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် ()အတွင်း ရှိ မြတ်အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မြတ်အမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်မြတ်အမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

တော်ဝင်ဆင် အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နေ့လယ်(:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် ()အတွင်း ရှိ တော်ဝင်ဆင်အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေး ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် တော်ဝင်ဆင်အမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံး သူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

      ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်တော်ဝင်ဆင်အမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါ သည်။

DOCA(ရှမ်း)

နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (23) ရက်နေ့၊ နေ့လယ် (၁3:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသောအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းမှ စည်ပင်၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၅၀) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နမ့်စန်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိနှင့် အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဘိုကလေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ စားသောက်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက် ကုန်အသီးအနှံများ၊ အသား/ ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန်၊ စဉ်းနီတုံးများကို အသား/ ငါးများခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲများကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင်ပြုလုပ်ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး ပန်းဖလက်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Online စနစ်ဖြင့် အထည်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် တာချီလိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ Online စနစ်ဖြင့် အထည်အမျိုးမျိုး ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ် ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ