သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  နံနက် (၁၁း၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ စတိုးဆိုင်များ၊  Super Market များအတွင်း ရောင်းချလျှက်ရှိသော အရန်သင့်နှင့်အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။           

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြောက်ဒဂုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

   ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၁-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ဒဂုံမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၆၀ကျပ်)၊ (95-၃၀၁၀ကျပ်)၊ (HSD-၂၆၃၅ကျပ်)၊ (PHSD-၃၂၆၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှု အခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်(New Day )စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၁-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာမွေမြို့နယ်(New Day )စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေး မေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

Star High စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

      (၁၁-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ Star High စက်သုံးဆီအရောင်းဆိုင်သို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အရောင်းဆိုင်တွင် စက်သုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး ၊ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာ ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်   တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ  တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း    ဆန်ရောင်းချမှုအခြေအနေများကို    ကွင်းဆင်း အသိပညာပေးမှုများ   ဆောင်ရွက်လျက်ရှိရာ (၈.၇.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဆန်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေး   အရောင်းဆိုင် (၅) ဆိုင်အား  သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ ၊ ဆန်ဈေး နှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန်၊ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆန်ဈေးနှုန်းကြီးမြင့်စွာ ရောင်းချ ခြင်း မပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း   (ကြီး/ ရေး) နှင့် ဝန်ထမ်းများသည် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၁၀.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် အတွင်းရှိ ဆန် အရောင်းဆိုင် (၃)ဆိုင် တို့အား  သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်များ စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့် ဝန်ထမ်းများသည် မင်္ဂလာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၁၀.၇.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ သော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ပလာဇာအတွင်းရှိ အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၈.၇.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိခြင်းရှိ/မရှိ တို့ကို ပလာဇာအတွင်း အလှကုန်ဆိုင် (၄) ဆိုင်အား စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေး အရာရှိ)နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်များအား ၁၀.၇.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး (၁၀) ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိခြင်းရှိ/မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်းပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေး

     တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၇.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊  မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ဖောင်းပြင်စတိုးမုံရွာ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းထောင့်ရှိ ဦးရန်ကျော်အောင်သည်  ဖောင်းပြင်စတိုးမုံရွာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထားသည့် အချက်များ (၁၈) ချက်နှင့် မြေပြင်တွင်သွားရောက် စစ်ဆေးသည့်အချက်အလက် များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ