သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့နယ်အတွင်းရှိ ရွှေလီရတနာ ရေသန့်စက်အား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍  စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး မြို့နယ်အလိုက်သောက်ရေသန့်လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်အတွင်း ရွှေလီ ရတနာသောက်ရေသန့်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  ၃၀ ရက်နေ့တွင် ကွင်းဆင်းစစ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပိုင်လေးသောက်ရေသန့်စက်မှာ အိမ်သုံးရေသန့်စက်ငယ်သာ ဖြစ်ပြီး အိမ်သုံးမိသားစုအတွက်သာ ထုတ်လုပ်၍ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုမရှိကြောင်းနှင့် ရွှေလီရတနာသောက်ရေသန့်လုပ်ငန်းမှာ တပ်ဆင်ထားသည်မှာ နှစ်လခန့်သာရှိပြီး၊ FDA  ထောက်ခံ ချက် ရရှိရေးဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြောင်းမြမြို့နယ် ပွင့်သစ်ကျော် ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ စက်မှုဇုံရှိ ငွေဇင်ယော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

             အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

“မိတ္ထီလာမြို့နယ် စိန်ဒေါင်းစူပါစတိုးရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့  နံနက် (၁၁၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ စိန်ဒေါင်းစူပါစတိုး အတွင်း ရောင်းချလျှက်ရှိသော အရန်သင့်နှင့်အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။        

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။                      

DOCA(မန္တလေး)

မြောင်းမြမြို့နယ် ရွှေဇင်ယော် ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

             အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် စိန်ရတနာ ၃ ဆန်စက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ စိန်ရတနာ ၃ ဆန်စက်  သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

          အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် မနောသုခ ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာရှိ မနောသုခ ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

              အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် ခိုင်ရတနာ  ဆန်စက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ခိုင်ရတနာဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

           အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

မြောင်းမြမြို့နယ် ရွှေပြည်ကျော်  ဆန်စက် ရေစစ်ကန်ပြုလုပ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ ရွှေပြည်ကျော်ဆန်စက်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊

           အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန် ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့် အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စက်မှုစီမံကိန်းဝန်းအတွင်းရှိ ကွန်ကရစ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

            ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃၀.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွန်ကရစ်ကျောက်တိုင်များ ထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Power Pillar Co.,Ltd ၏ တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့ဆုံ၍ မြေပြင်၌ အမှန်တကယ် လည်ပတ်ခြင်းရှိ/ မရှိ၊ ကွန်ကရစ်တိုင်များ ထုတ်လုပ်ရာတွင် လိုအပ်သော PC Wire များ အမှန်တကယ်လိုအပ်မှု ရှိ/မရှိ ၊ ကုန်ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ ( ၂၅ )ရက်နေ့ နံနက် (10:30) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆိုင်အရေအတွက် (23)ဆိုင်၊ အစားအသောက် အရေအတွက် (၂၃)မျိုးအား Chemical ပစ္စည်းများပါဝင်မှုရှိ/ မရှိ Formalin ဆေးထည့်ထားမှုရှိ/ မရှိတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ