သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

    ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၈)ရက်နေ့တွင်  ပြင်ဦးလွင်မြို့ ပေါ်ရှိ ရွှေပြည့်စုံလက်ဖက်ရည်ဆိုင်နှင့်ခိုင်ခိုင်ကျော်ထမင်းဆိုင်များအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည် ။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန် ၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများ ခံယူရန်၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန် နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား ၊ အရွယ်အစား (Size)ပမာဏအလိုက် စျေးနှုန်းအား ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေးရှိစားအုန်းဆီကိုယ်စားလှယ်ဆိုင်တွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်းရှိ စာအုန်းဆီကိုယ်စားလှယ်ဆိုင်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချ နေမှု အခြေအနေအား ဇူလိုင်လ (၂၁)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားအုန်းဆီကိုယ်စားလှယ် ဦးအောင်ရင်၏ ကုန်စုံဆိုင်တွင် စားအုန်းဆီခွဲတမ်းရရှိသည့်အပေါ် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် လက်လီ/ လက်ကား ပေပါ၊ ပိဿာစာရင်းနှင့် လက်လီ/လက်ကားဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီ ကိုယ်စားလှယ်များ အနေဖြင့် စားအုန်းဆီ ဝယ်ယူရာတွင် စားအုန်းဆီ (၁)ပိဿာ ဒေသတွင်း သယ်ယူစရိတ် ၂%အမြတ်နှင့် လက်လီပြန်လည်ဖြန့်ဖြူးသည့် ဈေးနှုန်းများအား စစ်ဆေးခဲ့ပြီး ဆီများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ် ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ စားသုံးသူပြည်သူများထံသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ် ဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဧရာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ ဆန်စက်လည်ပတ် ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ခေတ်မီ စက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး အလုပ်သမား မိသားစုဝင် များ၏ စားဝတ်နေရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှု အပေါ် သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များတွင်ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ အတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) ထုတ်ပြန်ချက် အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များသို့ ဇူလိုင်လ (၂၁)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် မြို့နယ်စည်ပင်သာ ယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန်အမျိုးအစားအလိုက် စားသုံးသူရေးရာဦးစီးဌာနမှ လစဉ် ထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်ဈေးနှုန်း ဇူလိုင်လအတွက် သတ်မှတ်ရည်ညွှန်းဈေးထက်  ဈေးနှုန်းအဆမတန် ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် (၂၄)ပြည် တစ်အိတ်နှင့် တစ်ပြည်ဈေးနှုန်းတို့အား စာရင်းကောက်ယူ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက်တွင်စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး ”

     စားသုံးသူပြည်သူများအား စားအုန်းဆီဝယ်ယူ စားသုံးရာတွင် ဘေးအန္တရာယ်က ကင်းရှင်း သော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် ဆွမ်း လောင်းဓမ္မာရုံတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇူလိုင်လ (၂၁)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ် တာဝန်ခံ ဦးတင်မင်းသည် မကျီးတန်းရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များအား တွေ့ဆုံကာ ကော့မှူးမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်စားအုန်းဆီခွဲတမ်းများ လုံလောက်စွာ ချထားပေးခဲ့ပြီး သတ်မှတ်အခြေခံ လက်ကားရည်ညွှန်းဈေးအား အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း မိမိတို့ ရပ်ကွက်အတွက် ရရှိသည့် စားအုန်းဆီခွဲတမ်းအား ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီ ထုတ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီ ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိစားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် ခရမ်း မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များတွင် စားအုန်း ဆီများ သတ်မှတ်ဈေးနှုန်းများနှင့် ရောင်းချမှုရှိ/မရှိကို ဇူလိုင်လ (၂၁)ရက်နေ့၊ နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော်မှ စားအုန်းဆီ ဝယ်ယူရာတွင် စားအုန်းဆီ (၁)ပိဿာ ဒေသတွင်း သယ်ယူစရိတ် ၂%အမြတ်နှင့် လက်လီပြန်လည်ဖြန့်ဖြူးသည့် ဈေးနှုန်းများအား စစ်ဆေးခဲ့ပြီးနောက် လက်လီ ရောင်းချသော စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ကုန်စုံဆိုင်များ၏ စားအုန်းဆီ တစ်ပိဿာ သယ်ယူစရိတ်၊ ၂%အမြတ်ဖြင့် အိမ်ထောင်စုများသို့ လက်လီပြန်လည် ရောင်းချနေ သော ဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံမှ ကုန်စုံဆိုင်ပိုင်ရှင်များအား စားအုန်း ဆီများကို လက်လီလက်ကား ပြန်လည်ဖြန့်ဖြူး ရောင်းချကြရာတွင် သတ်မှတ်ဈေးနှုန်းများထက် ကျော်လွန်ပြီး ရောင်းချမှုမပြုလုပ်ကြရန် ဆီများကို သိုလှောင်ထားခြင်း မပြုလုပ်ကြရန်၊ အိမ် ထောင်စုများအား ဖြန့်ဖြူးရောင်းချကြရာတွင်လည်း အလေးချိန် မှန်ကန်မှုရှိစေရန် စားအုန်းဆီ များ ရောင်းချရာတွင် မသမာမှုများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

      ဇူလိုင်လ စတုတ္ထပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော (ကုန်ခြောက်) ပစ္စည်းအမျိုးအစားအလိုက် အနေဖြင့် ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၁၃၀၀မှ ၂၅၀၀)ကျပ် ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငြုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၂၀၀၀၀)ကျပ်ထိ၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ မန်ကျီးသီး တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၄၅၀၀မှ ၅၅၀၀)ကျပ်ထိ၊ သကြား တစ်ပိဿာလျှင် (၅၃၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      အခြေခံစားကုန် (ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းဝင် ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းအတက်အကျ အနည်းငယ်ပြောင်းလဲမှု ရှိသော် လည်း ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း၊ သုံးခွမြို့နယ် ဈေးကွက်အတွင်းသို့ ကုန်ခြောက်ပစ္စည်း များ တစ်ရက်ခြားတစ်ခါ ပုံမှန် ဝင်ရောက်လျက်ရှိပြီး အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ဘုရင့် နောင်ပွဲရုံမှ မှာယူ၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၈.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ တွံတေးမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းပစ္စည်း များ၏ဈေးနှုန်းများအခြေအနေများအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆိုင်များနှင့်ရပ်ကွက်များရှိ အခြေခံကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ (၂၁)ရက် နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း အခြေအနေ အား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ တို့ပူးပေါင်း၍ အုန်းပင်စုရပ်ကွက်ရှိ မိဘမေတ္တာဆန်ဆိုင်၊ အောင်ကြည်ညွှန့်ဆန်ဆိုင်၊ မင်းသီဟဆန်ဆိုင်၊ စည်ပင်ယာဈေးအတွင်းရှိ ကျော်ရဲလင်းကုန်စုံဆိုင်၊ ဒေါ်သင်းသင်းအေး ကုန်စုံဆိုင်၊ ဒေါ်စိုးစိုးကုန်စုံဆိုင်၊ ဒေါ်ကောက်ကုန် ခြောက်ဆိုင်၊ ဒေါ်ဝင်းဝင်းရီ ကုန်ခြောက်ဆိုင်၊ ဦးလှဆွေ ကြက်သားဆိုင်၊ ဦးမောင်စိုး ဝက်သား ဆိုင်၊ ဦးလှရွှေဆိတ်သားဆိုင်၊ ဒေါ်သန်းသန်းဦး အမဲသားဆိုင်၊ ဒေါ်ဆွေဇင်ဦး ရေချိုရေငံ ငါးပုဇွန် အရောင်းဆိုင်၊ မအင်းသား ကြက်ဥဘဲဥ လက်လီလက်ကားအရောင်းဆိုင်၊ ဒေါ်ခင်စော လှိုင် ငါးပိ၊ ငါးခြောက်အရောင်းဆိုင်၊ ဦးစိုးတင့် ကုန်စိမ်းဆိုင် စသည်တို့တွင် ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ သိသိသာသာ ကွာခြားချက်မရှိဘဲ စားအုန်းဆီဈေးနှုန်း မှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)

လှလှသိန်းစားအုန်းဆီလက်လီဆိုင်သို့ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးလှစိုးပါ (၄)ဉီး၊ ဆီလုပ်ငန်းရှင်များအသင်းမှ(၂)ဉီးတို့ပူးပေါင်းပါဝင်လျက် (၂၁.၇.၂၀၂၅)ရက်နေ့ နေ့လည်(၂:၁၅)နာရီ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေလင်ပန်းဈေးတွင် စားအုန်းဆီလက်လီရောင်းချနေ သောဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံ ဒေါ်မိုးအေးကြူမှ လိုက်ပါလျက် ဈေးရုံ ပျံကျရှိ လှလှသိန်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိတို့ဈေးတွင် စားသုံးသူပြည်သူများအား စာအုပ်စနစ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂)ပိသာပေးပါကြောင်း၊ ရပ်ကွက် အလိုက်စနစ်တကျရောင်းပေးပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပြီး ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းများရှိခဲ့လျှင် တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ