သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့ မြို့မဈေးတွင် ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၀.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိ/မရှိကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်း၍ စစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွှမ်းမိုးနှင့် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့သည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ရောင်းချသူဆိုင်(၁၂)ဆိုင်မှ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်း အကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ဖော်ပြပါရှိသည့်အချက်များ ပါဝင်သော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၃) နေ့ နေ့လယ် (၁၁:၃၀) နာရီ အချိန်တွင် ပန်းတနော်မြို့ ပေါ်နှင့် ပန်းတနော်-ပုသိမ်ကားလမ်းဘေးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့်မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများမှမှာယူထားသော စက်သုံးဆီ ဘောက်ဆာကားများ ကြန့်ကြာမှုမရှိစေရေး အချိန်မီရောက်ရှိစေရေးအတွက် မိမိတို့ဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များ၏ အလေးချိန် ပြည့်ဝစွာရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

မြို့သစ်မြို့၌မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးအသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံ(ဒု-ဦးစီးမှူး) ဦးဆယ်မောင်နှင့် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ (ဒု-ဦးစီးမှူး) ဒေါ်ဌေးဌေးတို့သည် (၆.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ကွက်သစ်ရပ်ကွက်၊ ကံသာလေးလမ်း၌ ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်သို့သွား ရောက်၍ ရောင်းချနေသောကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ ပါသည်။

    ထိုသို့အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

စိုက်ပျိုးရေးသုံးပစ္စည်း ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၂.၁.၂၀၂၃) ရက်နေ့ (၁၀:၀၀)အချိန်တွင် ဓါတ်မြေဩဇာ အရောင်းဆိုင်များမှ စိုက်ပျိုးရေးသုံးမြေဩဇာများအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ စိုက်ပျိုးရေးတောင်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

မကွေးမြို့၌ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားမဝင်ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၆.၁.၂၀၂၃)ရက်နေ့ (၁၄:၀၀)နာရီတွင် မကွေးမြို့ပေါ်ရှိ ဆေးဝါး နှင့်ဆေးပစ္စည်းအရောင်းဆိုင် (၁၇)ဆိုင်အား တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       စျေးကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများ၊ သုံးစွဲရန်မသင့် တားမြစ်ထားသောပစ္စည်းများနှင့် သက်တမ်းလွန်ပစ္စည်းများ ဆိုင်တင် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ခတ္တူကျေးရွာ အုပ်စု၊ အ.ထ.ကကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စား မုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိ လာပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်းဖြစ်ကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

မြန်အောင်မြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဒု-ခရိုင် ဦးစီးမှူးသည် (၇.၁.၂၀၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင်  ကနောင်မြို့၊ ရိုက်ကျေးရွာ၊ အ.မ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း အကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားအသင့်စားမုန့် အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေ့သည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရ ပါသည်။

DOCA(ဧရာဝတီ)

 

 

မကွေးမြို့၌ကုန်စုံဆိုင်နှင့် Super Market များအား စားသုံးရန်မသင့် တားမြစ်ထားသော စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၅.၁.၂၀၂၃)ရက်နေ့ (၁၄:၃၀)နာရီတွင် မကွေးမြို့ပေါ်ရှိကုန်စုံဆိုင်နှင့်၊ Super Market များသို့သွားရောက်ပြီး သက်တမ်းလွန်ကုန်ပစ္စည်းများ၊ စားသုံးရန် မသင့်တားမြစ်ထားသော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     စတိုးဆိုင် Super Marketဆိုင်ရှင်များအား စားသုံးရန်မသင့်တားမြစ်ထားသော စားသောက်ကုန်များ သက်တမ်းလွန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမထားသော ကုန်ပစ္စည်းများအား ဆိုင်တင်ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသောကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၁.၂၀၂၃) ရက်နေ့နံနက် (၁၀:၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံများသို့ ကုန်စည် များအပေါ်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ၂/၂၀၁၉  အား လိုက်နာမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၆) ရပ်ကွက်၊ ကုန်သည်လမ်းရှိကုန်မျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကျိုတ်လတ်မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ မူလွန်(၁၀)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးခြင်း

        စားသုံးသူရေးရာဦးစီးဌာနမှ၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပူးပေါင်း၍(၆.၁.၂၀၂၃)နေ့ (၁၁:၀၀)မှ(၁၂:၀၀)နာရီအချိန်ထိ အမှတ်(၆)ရပ်ကွက်ရှိမူလွန်(၁၀)  ကျောင်းတွင်ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား/ကျောင်သူ(၇၀)ဦး စုစုပေါင်း(၈၃)ဦးအား စားသုံးသူအသိပညာပေး‌ဟောပြောပွဲကိုပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ဟောပြောရာတွင် ကျိုတ်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကျောင်းသား/ကျောင်းသူများအား ဆိုးဆေးပါဝင်သောအစားအစာများ ဝယ်ယူစားသောက်ခြင်းမပြုရန် ၊တားမြစ်ထားသောအသားလုံးအသားပြားများ၊ခေါက်ဆွဲခြောက်များစားသုံးရန်မသင့်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါဝင်သော အစားအစာများကို ဝယ်ယူစားသောက်စေရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျောင်းမုန့်  ဈေးတန်းရှိ မုန့်ဆိုင်များအားစစ်ဆေးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

(DOCA)ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ