သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ရှိ Car Showrooms သို့ ကွင်းဆင်း

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအပါအဝင် ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ တွင် မြိတ်မြို့ပေါ်ရှိ Car Showroomsနှင့် အရောင်းဆိုင်များသို့ သွားရောက်၍ မော်တော်ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မော်တော်ယာဥ်တင်သွင်းရောင်းချခွင့်လက်မှတ်များအား ကွင်းဆင်းစစ်ဆေး၍ online ဖြင့်ရောင်းချပါက ဆောင်ရွက်သင့်သောအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရအဆိုပါကားအရောင်းဆိုင်များသည် ပြည်တွင်းသုံးစွဲပြီး Good Secondကားများကိုသာ အများဆုံး ဆိုင်တင်ရောင်းချပေးခြင်းဖြစ်ကြောင်းသိရှိရပြီး စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်နှင့် ပြည်တွင်းအခွန်ဦးစီးဌာနသို့ အခွန်ငွေပေးဆောင်ထားသည့် ‌ပြေစာ အထောက်အထားများ၊ မော်တော်ယာဥ်တင်သွင်းရောင်းချခွင့်လက်မှတ်များစစ်ဆေးခြင်းနှင့် Online ဖြင့်ရောင်းချပါက Online မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာသင့် သောအချက်များအားရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေးခြင်း

မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဉီးဆောင်၍ (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ လျှပ်စစ်နှင့်ဓါတ်အားပေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့သည် မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေး (၃)ခြံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောကုန်း(၁)ရှိ CRYSTAL DRAMANT ဥစားကြက်မွေးမြူရေး ခြံ၊ ဝါးနက်ချောင်းကျေးရွာရှိ Feed Maf ဥစားကြက်မွေးမြူရေးနှင့် ညောင်နှစ်ပင်ရှိ ရွှေစံပယ်ဥစား ကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ကြက်ခြံတစ်ခြံတွင် မဒန်းကြက် အကောင်ရေ၊ ဥစားကြက်အကောင်ရေ၊ တစ်ရက်ဥနှုန်း၊ ကြက်အစာနှင့်ဆေးအသုံးတန်ဖိုးများ မေးမြန်းခဲ့ပြီး ကြက်ဥများကို မှော်ဘီမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်ရှိ ကြက်ဥဒိုင်များသို့ (၁)ပိဿာ လျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းမှ မန်နေဂျာ ဒေါ်မျိုးမျိုးမြင့်အောင်က မိမိရောင်းချနေ သော အမှတ်တံဆိပ်များမှာ JAJUAR, SAMSONIC, SHARP, MIDEA, ALPHA နှင့် FUSU တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာလိုများရေးသားဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်များကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ ငွေဥဒေါင်းခန်းမ၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ (၃) ရပ်ကွက်၊ ငွေဥဒေါင်းခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးသက်နိုင်ဉီး၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပဆောင် ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်ကျေးလတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းကို (၂.၇.၂၀၂၅)ရက်နေ့မှစ၍ သင်တန်းကာလ(၄၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးနည်းပညာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ကွင်းဆင်းစစ်ဆေးခြင်း

(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ပါဝင်သော အဖွဲ့ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကွင်းကျေးရွာ၊ ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိခဲ့ရာ တောင်သူများအား စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းများ တိုးတက်တည်ငြိမ်မှုရရှိစေရန် အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးစနစ်များ လေ့ကျင့်စိုက်ပျိုးကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်မှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဆောက်လုပ်ရေးဝန်ဆောင်မှု အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၂၈၇)၊ ဗိုလ်ချုပ်လမ်း၊ လှိုင်သာယာမြို့နယ်ရှိ မဟာနွယ်ပြတင်းတံခါးအမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေး အွန်လိုင်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ ဆောက်လုပ်ရေးဝန်‌ဆောင်မှု လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း ဆွေးနွေးပြီး အွန်လိုင်း စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင်စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဖိုးသင်္ကြန်အစိုးရရာထူးဝင်ခွင့်သင်တန်း အွန်လိုင်းမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၄၀၅)၊ ရဲဘော်ဈေး(၉)လမ်း၊ ရဲဘော်ဈေးစံပြရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ ဖိုးသင်္ကြန်အစိုးရ ရာထူးဝင်သင်တန်းအွန်လိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပညာရေးနှင့်သင်ကြားရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုင်ရှင်ဦးအောင်သင်္ကြန်မိုးနှင့်တွေ့ဆုံကာ ဆွေးနွေးရာ၌ e-Commerce Registration စနစ်မှ တစ်ဆင့်လျှောက်ထားသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ မှန်ကန်မှုရှိမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်သည့်အတွက် မှန်ကန်စွာဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေး၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) ၊ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ် (ဂမုန်းပွင့်) ရှိ (၂.၇.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ် (၄၆၀)၊ ကုန်သည်လမ်းနှင့် ဘိုကလေးလမ်းထောင့်၊ ဗိုလ်တထောင် မြို့နယ် (ဂမုန်းပွင့်) အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီး မြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂.၇.၂၀၂၅)ရက်နေ့၊(၁၃:၃၀)နာရီတွင် ပင်လောင်းမြို့နယ်ရှိ စားသုံးဆီ လက်လီအရောင်းဆိုင် (၃)ဆိုင်အားလည်းကောင်း၊ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့တွင် ဟဲဟိုးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်(၃)ဆိုင်တို့အား လည်ကောင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပင်လောင်းမြို့နယ်မနှင့် ဟဲဟိုးမြို့ပေါ်မှ ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာ သောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ယူ ပို့ဆောင်ခကုန်ကျ စရိတ်နှင့် ၂%အမြတ် တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကား ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေး သွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောလက်လီ/လက္ကားကိုယ် စားလှယ်(၆)ဦး ထံမှ သတင်းရရှိ ပါသည်။ DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ DOCA( ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ