သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်အတွင်း ရှိ ကျေးရွာများ ဆီရောင်းချနေမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာစာရေးများနှင့်အတူ ၂၇-၆-၂၀၂၅ ရက်နေ့က ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူမှုအား ဆီရောင်းချသူ ကိုယ်စားလှယ်များမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ်ရှိ ကျုံတမာကျေးရွာ၊ ပေစိကျွန်းကျေးရွာ၊ ဝါးဆောစွန်းကျေးရွာများမှ ဆီရောင်းချသူ လုပ်ငန်းရှင်များ Resources Group Tranding ဗီနိုင်းအပြာရောင်ဖြင့် ရောင်းချသည့် ရည်ညွှန်းဈေး၊ ရောင်းချသည့် ဆီပိဿာ၊ ရောင်းချရက်စွဲ တို့ကို မြင်သာသောနေရာတွင် ဖော်ပြပြီးရောင်းချရန်၊ ဝယ်ယူမှု ဆီထုတ်စာရပ်စာရင်း ရေးသွင်းပုံစံများ ရေးသားဖြည့်သွင်း၍ မြို့နယ်ဆီကုန်သည်များအသင်းသို့ ပေးပို့ရန်ကိုလည်းကောင်း သတ်မှတ်စည်ကမ်း ချက်များအတိုင်း လိုက်နာရောင်းချပေးရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဝယ်ယူသူပြည်သူ များကိုလည်း သတ်မှတ်ရက်အတွင်း အချိန်အတွင်း ဆီဝယ်ယူနိုင်ရေး၊ ဆီစာအုပ်များပျောက်ပျက်ခြင်း မရှိစေရန် ဂရုပြုသိမ်းဆည်းထားရေးတို့ကို သိရှိနားလည်နိုင်ရန် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(ကယား)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်

(၂၃-၆-၂၀၂၅)ရက်နေ့မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၂/၂၀၂၅) ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၄)ဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာများ၊ စားသုံးသူ ကာ ကွယ်ပေးရေးအကြောင်း သိကောင်းစရာ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ ဘာ သာရပ်၊ Recall and Ban အကြောင်းသိကောင်းစရာ၊ သတင်း/ဆောင်းပါးရေးသားနည်း အကြောင်းသိကောင်းစရာ၊ ခွင့်ကိစ္စအကြောင်းသိကောင်းစရာ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ ဝန်ထမ်းကျင့်ဝတ်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ၊ Online Shop အကြောင်းသိကောင်းစရာ၊ ငွေစာရင်းအကြောင်းသိကောင်းစရာနှင့် ဝန်ထမ်းမှတ်တမ်း စာအုပ် အကြောင်း သိကောင်းစရာစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ဦးစီးဌာန၏ မျှော်မှန်းချက် (vision) ၊ ရည်မှန်းချက်(Mission)များကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ကယား)

ပဲခူးမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စားသောက်ဆိုင်သို့ ကွင်းဆင်းအသိပညာပေးဟောပြောခြင်း

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

ဘိုကလေးမြို့နယ် (၄) ရပ်ကွက်ရှိ “စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၅ ) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၄) ရက်ကွက် ၊ ပိတောက်လမ်းရှိ ဒေါ်တင်ဇာ ပိုင် စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်း သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန် ဖြစ်ပြီး ကုန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန် ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကြမ်းအိတ် (၁) အိတ်ခွဲ အသုံးပြုရပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ (၇၀) ပိဿာ ထုတ်လုပ်လျက်ရှိပါသည်။ မုန့်ဖတ် လက်လီ/ လက်ကား ဈေးတစ်ပိဿာ လျှင် (၂၈၀၀) ကျပ်ပေးရပြီး လုပ်သားဦးရေ (၄) ဦးရှိပြီး လုပ်သားတစ်ဦးလျှင် လုပ်သားခ (၁၈၀၀၀၀ - ၂၀၀၀၀၀) ကျပ်ပေးရပါသည်။ ဈေးကွက်အနေ ဖြင့် မြို့တွင်း၌သာ ရောင်းချ ပေးလျက်ရှိပါသည်။ မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ကုန်စည်အား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ပြည့်မီစွာ မှန်ကန်စွာ ထုတ်လုပ်နိုင်ရေး နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးစေရေး၊ ဓာတု ဆိုးဆေးများ သုံးစွဲခြင်းမပြုစေရေး တို့ ဆွေးနွေးမှု အပေါ် သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ