HighLight News

Powered by Drupal

ဇလွန်မြို့နယ် စက်မှုလုပ်ငန်းသုံးဆီဖြန့်ခွဲထုတ်ယူရေးနှင့်ပတ်သတ်၍အစည်းအဝေးကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်သက်ဆိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ်လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အခွင့်အရေးအား အပြည့်အဝရရှိစေရန်  ရည်ရွယ်ကြောင်း၊ မိမိတို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအတွက် စားအုန်းဆီများအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန်နှင့် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ်လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် မိမိတို့အတွက် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန် ပြောကြားဆွေးနွေးခဲ့ပြီး၊  သက်ဆိုင်ရာဌာနဝန်ထမ်းများမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအဖွဲ့မှ ဆီခွဲတမ်း ရရှိမှုအပေါ် ကြီး၊ လတ်၊ငယ် စာရင်းအတိုင်း အညီအမျှ ခွဲဝေခဲ့ကြပြီး အစည်းအဝေးကို  နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၅.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၅ ) ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ဦးအောင်သန်းဌေးက ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊  စက်မှုလုပ်ငန်းသုံး ဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလိုအပ်ချက်များတင်ပြရာတွင် မိမိတို့အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများထားရှိစေ‌ရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှု မရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက်လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလိုအပ်ချက်စာရင်းများအား မေးမြန်းခဲ့ပြီး စနစ်တကျစာရင်းခွဲဝေ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကိုနေ့လယ်(၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဖျာပုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေပေးအပ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  စက်တင်ဘာ (၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီခွဲအချိန်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

         အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထောက်ပံ့ချေးငွေရယူကြမည့် မြို့နယ်တွင်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းမှ လုပ်ငန်းရှင်များအား ပိုမိုတိုးတက်သောလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ရန် အတိုးနှုန်း (၀.၅)ရာခိုင်နှုန်းဖြင့်သာ ထောက်ပံ့ချေးငွေ ထုတ်ပေးသည့်အတွက် ချေးငွေရယူကြသူများအနေဖြင့် မိမိတို့လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက်သာ အကျိုးရှိရှိ အသုံးချကြရန် အမှာစကားပြောကြားပြီး မြို့နယ်နိုင်ငံ့ စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ် စီမံကိန်း ဦးစီးမှူး ဒေါ်မာမာဆွေက ချေးငွေထုတ်ချေးမှုနှင့်ပတ်သတ်သည်များ၊ လိုအပ်သည့် လမ်းညွှန်မှုများအား ရှင်းလင်းမှာကြားဆွေးနွေးသည်။ ထို့နောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်းစသော လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့အတွက် ချေးငွေကျပ် သန်း(၂၅၀)အား လုပ်ငန်းအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီလက်လီဆိုင်များမှ ဆီရောင်းချမှုအားကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ ဆီရောင်းချသူ လက်လီဆိုင်များမှသတ်မှတ်ချက်နှင့်အညီဆီရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိစေရေး၊ ဆီရောင်းချသူလုပ်ငန်းရှင်များ  စီးပွားရေးကျင့်ဝတ်နှင့်အညီ   မျှတစွာရောင်းချစေရန်နှင့် အလေးချိန်မှန်၊ ဈေးနှုန်းမှန်စွာရောင်းချစေရေး၊ ဆီစာအုပ်များကို ပျောက်ဆုံးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါက မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲ ရောင်းချနေကြောင်းဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်းရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုအခြေအနေနှင့် FDA ထောက်ခံချက်များပါဝင်သော မုန့်များကိုသာ ရောင်းချနေကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/ စပါးကိုအဓိကထားစိုက် ပျိုးထုတ်လုပ်ပြီး၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကျိုက်လတ်မြို့မှ မြိတ်မြို့သို့ တင်ပို့မည့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှုအခြေအနေ၊ ရေယာဉ်ကြံခိုင်မှုနှင့် လိုအပ်သည့် စစ်ဆေးမှုများ၊ ဆောင်ရွက်ခြင်း၊ ဆန်သယ်ယူရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ရွှေမြင့်မိုရ် ပုဇွန်ခြောက်ဘူးတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း “ရွှေမြင့်မိုရ်” ဆိုင်တွင် ရောင်းချနေသော “ရွှေမြင့်မိုရ်” ပုဇွန်ခြောက်ဘူးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက“ရွှေမြင့်မိုရ်”ပုဇွန်ခြောက်ဘူးတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ သုံးစွဲမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှု အခြေအနေတို့အား စိစစ်ခဲ့ရာ ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်ရှိ ပြုပြင်ထုပ်ပိုးထားသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

       ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပိတောက်လမ်း(၄) ရပ်ကွက်ရှိ ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်တွင် ပြုပြင်ထုပ်ပိုး ရောင်းချနေသော နနွင်းမှုန့်၊ ငြုပ်သီးမှုန့်၊ လက်ဖက်ထောင်းထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ပြုပြင်ထုပ်ပိုးရောင်းချနေသော ဆင်ဖြူတော် နနွင်းမှုန့်၊ ငြုပ်သီးမှုန့်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ထုပ်ပိုးပြီးကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News