Centre For Professional Development Online Shop လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

ဒဂုံမြို့နယ်၊ အမှတ်(၄၀၁၉)၊ (၃) လွှာ၊ တော်ဝင်စင်တာတွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Centre For Professional Development Online Shop လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့သည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)









