HighLight News

Powered by Drupal

မွန်ပြည်နယ်ဦးစီမှူးနှင့် ကွန်ကရစ်လုပ်ငန်းရှင်တို့တွေ့ဆုံဆွေးနွေး

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလည်ပတ်မှုအခြေအနေများ၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးနှုန်း/ ဈေးကွက်အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းအမျိုးပေါင်း (၁၀)မျိုးကျော်ခန့်ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ဖြန့်ဖြူးလျက်ရှိပြီး လုပ်ငန်းလည်ပတ်ရန်အတွက် မတည်ရင်းနှီးငွေလိုအပ်လျက်ရှိကြောင်း၊ ဆွေးနွေးချက်အပေါ်  မတည်ရင်းနှီးငွေလိုအပ်ချက်နှင့်ပတ်သက်၍ MSME ချေးငွေရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၊ အ.ထ.က (ခွဲ) ကျွန်းရွာကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ဆွေးနွေး

  (၆-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ.ထ.က (ခွဲ) ကျွန်းရွာကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။  အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အ.ထ.က (ခွဲ) ကျွန်းရွာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက “လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်” ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုဝင်းက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (ခွဲ) ကျွန်းရွာမှ Grade (10) နှင့် (9) မှ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

       စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၉၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

    (၆-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ 

  အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉) ညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အသေးစိတ်ဖော်ပြရမည့်အချက်များဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ ဆေးဝါးနှင့်အလှကုန်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်၊ အလှကုန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသောဆေးဝါးများမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိစစ်ဆေးခဲ့ပြီး ဆေးဝါးများအား သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိမှသာရောင်းချရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ကျန်းမာရေးဦးစီးဌာနသို့ပို့ဆောင်၍ စနစ်တကျစွန့်ပစ်ရန်နှင့် ဆေးဝါးများကို စနစ်တကျထားရှိနိုင်ရန် အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

¬အ.ထ.က (ခွဲ) ကွမ်ရိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျပ်းပပြုလုပ်

   (၅-၉-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အ.ထ.က (ခွဲ) ကွမ်ရိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center ပတ်သက်သည့် အကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၂၆၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့်သက်ဆိုင်သည့် အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့်  အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင်ရာ ရှင်းလင်းခြင်း စသည်တို့နှင့်စပ်လျဉ်း၍ လစဉ် အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

     (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ ဧပြီလတွင် ၁၀ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၀၆ဦး၊ မေလတွင် ၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၆ဦး၊ ဇွန်လတွင် ၁၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၉၀ဦး၊ ဇူလိုင်လတွင် ၁၇ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၉၀ဦး၊ ဩဂုတ်လတွင် ၁၂ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၁၂၃ဦး၊  စုစုပေါင်းအရေအတွက် အကြိမ်ရေ (၅၉)ကြိမ်တွေ့ဆုံမှုတွင် စီးပွားရေးလုပ်ငန်းရှင်လူဦးရေ(၄၂၅)ဦးအား ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ကုန်စည်ဒိုင်အသင်းလုပ်ငန်းရှင်၊ MONCCI အသင်းမှ လုပ်ငန်းရှင်၊ ဆန်ကုန်သည်အသင်းအဖွဲ့၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်၊ ကြက်သွန်နီရောင်းဝယ်ရေးအသင်းအဖွဲ့၊ ကွမ်းသီးအသင်းအဖွဲ့လုပ်ငန်းရှင်၊ မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်၊ အအေးခန်းလုပ်ငန်းရှင်၊ ရက်ကန်းရုံလုပ်ငန်းရှင်၊  မုန့်တီရုံလုပ်ငန်းရှင်၊ အလှကုန်လုပ်ငန်းရှင်၊ အထည်ချုပ်ရုံလုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်၊ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်၊ ငါးခြောက်နှင့်ငါးပိထုတ်လုပ်သည့်လုပ်ငန်းရှင်၊  လက်ဖက်နှင့်အကြော်စုံလုပ်ငန်းရှင်၊ ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ရှောက်သီးဆေးပြားထုတ်လုပ်သည့်လုပ်ငန်းရှင်၊ တိုင်းရင်းဆေးထုတ်လုပ်သည့်လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

  ထို့သို့  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်းမှတစ်ဆင့် မွန်ပြည်နယ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကာကွယ်ဆောင်ရွက်နေကြောင်း  သိရှိရပါသည်။

DOCA(မွန်)

 

 

မိုးညှင်းမြို့၊ အေသင်ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၇-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်အတွင်းရှိ အေသင် (ကုန်စုံဆိုင်) သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ONE TEA နို့ဆီ အမှတ်တံဆိပ်ပါ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့၊ နေလင်းကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ နေလင်း (ကုန်စုံဆိုင်) သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Cheese Biscuits အမှတ်တံဆိပ်ပါ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကံမမြို့၊ ခြောက်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၄-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင်၊ ကံမမြို့၊ ခြောက်ပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေကလည်း  ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် အဓိကပါဝင်ရမည့်အချက်(၇)ချက်အကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းလွန်ရက်စွဲများကို သေချာစွာကြည့်ရှုဝယ်ယူသုံးစွဲကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးက လူငယ့်ရေးရာအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကျောင်းအုပ်ဆရာကြီးထံသို့ စားသုံးသူကာကွယ်ရေးဥပဒေလက်ကမ်းစာစောင်များပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၃၄၈)ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၄)ဦးတို့ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

                  

ကံမမြို့၌ ပလတ်စတစ် (Campaign) နှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၄-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးသောအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးကမ်ပိန်း(Campaign) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

    ဆက်လက်၍ နံနက်(၀၈:၃၀)နာရီအချိန်တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကံမမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်ပစ္စည်းများရောင်းချနေမှုရှိ/မရှိ ဌာနစုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး  ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားပြီး ဥပဒေနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News