HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲ မှ စစ်ဆေးရေးအရာရှိ ဉီးထွန်းထွန်းဉီးသည် (၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၄၅)နာရီအချိန်တွင် အမှတ်(၁၃၂)၊ စေတနာ(၁)လမ်း၊ သရက်ကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ Noble Home Myanmar Real Estates ဝန်ဆောင်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်သည် အမှတ်(၂၂)၊ သပြေတန်းလမ်းသွယ်၊ သရက်ခြံကျေးရွာ၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်က အစားအသောက် ဝန်ဆောင်မှုသင်ကြားရေးလုပ်ငန်းများပိုင်ရှင် ဒေါ်အေးသဥ္ဇာဦးနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဟင်္သာတမြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များအားအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

ဟင်္သာတမြို့နယ် စည်ပင်သာယာဈေးများအတွင်း သက်ဆိုင်ရာအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆောင်ရွက်

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအားသွားရောက်စစ်ဆေးခြင်း

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

ကော့သောင်းမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - HighLight News