HighLight News

Powered by Drupal

မအူပင်မြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/ မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော 999 အရောင်းဆန်ဆိုင်၊ ဦးတရုတ်ကြီးဆန်ဆိုင်၊ ရွှေလင်းယုန်ဆန်ဆိုင်၊ ဝင်းသိင်္ဂီဆန်ဆိုင်၊ အောင်ဆန်ဆိုင်နှင့် သော်သော်ဆန်ဆိုင်တို့တွင် ဆန်ပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်းသိရသည်။  

             စစ်ဆေးရာတွင် စပါးသစ်များထွက်ပေါ်ပြီးဖြစ်၍ ဆန်ဆိုင်များမှရောင်းချလျက်ရှိသောဆန်များမှာ ဒေသထွက်စပါးများကို ဆန်စက်များကြိတ်ခွဲမှုမှဝယ်ယူ၍ ကရင်မဆန်၊ မနောသုခဆန်၊ ရက်၉၀ဆန်၊ GW11ဆန်၊ ရတနာတိုးဆန်၊ ဆင်းသုခရှယ်၊ မင်းဧရာဆန်၊ ဖျာပုံတောင်ပျံ၊ ကျားပျံဆန်များကိုရောင်းချနေပြီး၊  သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဈေးနှုန်းကပ်ဖော်ပြ၍ရောင်းချနေကြာင်း စစ်ဆေးတွေ့ရှိရသည်။  မအူပင်မြို့နယ်တွင်းစားသုံးရန် ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်း၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များတွင် ဈေးကစားရန် ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်၊ ဆန်ဆိုင်များ ဆန်အိတ် ၁၀၀၀နှင့် အထက် သိုလှောင်ထားရှိပါက (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

             ဓနုဖြူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် ၅-၁၂-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် လက်လီဆန်အရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်အိတ်သိုလှောင်ထားရှိမှုကို စစ်ဆေးခြင်း၊ ဆန်များဝယ်ယူမှုကိုစုံစမ်းမေးမြန်းခြင်း၊ အခြားဒေသပေါ်ဆန်းစပါးဝယ်ယူမှုအခြေအနေများကိုမေးမြန်းခြင်း ဆန်တစ်ပြည်ဈေးနှုန်း၊ ဆန် ၁အိတ်ဈေးနှုန်းများကို မေးမြန်းခြင်း၊ နေ့စဉ်ရောင်းချမှု ဆန်၊ လစဉ်ဝယ်ယူစားသုံးမှု ဆန်အိတ်ရေတို့ကို ကြည်ရှုစစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းများကို ဈေးနှုန်းဖော်ပြရောင်းချနေပြီး သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဆိုင်များတွင် တစ်နေ့ရောင်းချ ဆန်အိတ်ရေ၊ လက်ကျန်ဆန်အိတ်နှင့် ဆန်များဈေးမြင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ ဆန်အိတ်ရေ ၁၀၀၀နှင့် အထက်သိုလှောင်ထားပါက MyRoတွင် အွန်းလိုင်မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့်အခါ မှတ်ပုံတင်ခြင်းမရှိပဲ ရောင်းချနေပါကြောင်း စစ်ဆေးတွေရှိပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအရအရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများအားအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂-၁၂-၂၀၂၄ ရက်နေ့တွင် Today News မှ ရေးသားဖော်ပြခဲ့သည့် “ ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ဆက်လက်ပြတ်လပ်နေ” သတင်းနှင့် ပတ်သက်၍ ဈေးကွက်အတွင်း ဆေးဝါးများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိကို ကွင်းဆင်းတင်ပြရန် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည့်သူကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချနေသော ဆေးဆိုင်များသို့  ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီးမကျီးရပ်ကွက်တွင်ရောင်းချသော ဦးစံရွှေ+ဒေါ်တင်အိဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်နှင့် ဈေးပိုင်းရပ်ကွက်တွင် ရောင်းချသော ကောင်းမြတ်ချမ်းသာဆေးဆိုင်တို့တွင် လူသုံးများသောဆေးဝါးဖြစ်သည့် သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒဏ်ကြေလိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေရသည့် ဆေးဝါးများ၊ ပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြရာ အဆိုပါဆေးဝါးများ ပြတ်လပ်မှုမရှိကြောင်း၊ ယခင်လရောင်းဈေးနှင့်ယခုလရောင်းဈေးမှာ ကွာခြားမှုမရှိခြင်းကြောင့် ဈေးနှုန်းမြှင့်တက်ရောင်းချခြင်း မရှိကြောင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်၊၊

            ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆေးဝါးရောင်းချသူများအနေဖြင့် စားသုံးသူတို့၏ ခံစားနေရသော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းအောင် အသက်အန္တရာယ်ကိုကယ်တင်သူများဖြစ်၍ ကုသိုလ်ရသည့်လုပ်ငန်းဖြစ်သောကြောင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်ရောင်းချမှု မဖြစ်စေရေးတို့ကို ထိန်းသိမ်းဆောင်ရွက်သွားကြရန် ဆေးဆိုင်ပိုင်ရှင်နှင့် ရောင်းချသူတာဝန်ခံများသို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)

“သုံးခွမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း”

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးသူဆီအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ဘေးအန္ကရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဒီဇင်ဘာလ(၉) ရက်နေ့၊ နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များနှင့်ကုန်မျိုးစုံဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့အနေဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီဗူးများဖြင့်ထည့်ပြီး ကုန်အမှတ်တံဆိပ်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော စားသုံးဆီတို့ကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ခွင့်ပြုချက်မပါသော၊ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်၌ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချပေးလျက်ရှိသောဈေးဆိုင်များမှ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောစားသုံးဆီများ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိကို ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း ၍ စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ကုန်ခြောက်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့အနေဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင်    ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြနမာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော အမှတ်တံဆိပ် စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် စံချိန်စံညွှန်းနှင့်မကိုက်ညီသော၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့သာ ဈေးကွက်အတွင်းဝယ်ယူ ဖြန့်ဖြူးခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ကုန်ခြောက်ဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူ/ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍အသိပညာပေးဟောပြောခြင်း ”

                ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း စားသုံးသူပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အသိပညာပေးဟောပြောခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံဦးအေးသွင်မှ ယခုလို အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စားသုံးသူပြည်သူများအတွက် အကျိုးရလဒ်များအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးတင်မင်းမှ အွန်လိုင်းစနစ်ဖြင့်ဖြန့်ဖြူးရောင်းချရောင်းလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့်အထောက်အထားများ၊ မဖြစ်မနေပူးတွဲတင်ပြရမည့်အထောက်အထားများ လျှောက်ထားရန်အခြေခံလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုခြင်းများမှ ရရှိလာမည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းလိမ်လည်မှုပုံစံများဖြစ်သည့် စားသုံးသူပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ခဲ့ပြီး ငွေကြေးများရယူသည့်လိမ်လည်မှုနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးနှင့်စပ်လျဉ်းသည် လိမ်လည်မှုများအပေါ် တိုင်ကြားနိုင်သည့်နည်းလမ်းများ ဦးစီးဌာနအဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများအား ရှင်းလင်းဆွေးနွေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၂.၁၂.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပြည်လမ်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ ပြည်လမ်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ အသင့်စားမုန့်များနှင့် အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် အခြားတိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၆၈)ဦး စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေး

            ၁၁.၁၂.၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

            ဆွေးနွေးဟောပြောမှုကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ဈေးတာန်ခံရုံး၌ ဈေးတာဝန်ခံဦးဇော်ဇော်လတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ ဒုကြီးကြပ်ရေးမှူးမှ စားသုံးသူအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ရောင်းချခြင်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်းပုံစံအဆင့်ဆင့်နှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးဟောပြောပွဲကို နေ့လယ်(၁၃:၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း၊ အနောက်ပိုင်း)နှင့် ထန်းတပင်မြို့နယ်များသို့ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစ်စဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးတာဝန်ခံများနှင့်ပူးပေါင်းပါဝင်လျက် စားသုံးဆီမျိုးမျိုးဖြစ်သော ရန်ကုန်၊ အမေထွား၊ Cook၊ Sunar နှင့် Meizan တို့တွင် ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည် (၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် အသင့်သောက်ကော်ဖီမစ်ပါဝင်သောကြောင့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ရောင်းချမည့်ကုန်စည်တွင် မြန်မာလိုကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ထုတ်ပြန်ထားသည့်အတိုင်း ကိုက်ညီသောကုန်စည်များကိုသာ လုပ်ငန်းရှင်များမှရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News