ပြည်တွင်းပြည်ပကုန်သွယ်မှု အချက်အလက်များ

Powered by Drupal

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများကို ပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန်စီစဉ်လျက်ရှိ

   မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများ ကို ပြည်ပစျေးကွက်သို့ ထိုးဖောက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ တာဝန်ရှိသူထံမှ သိရှိရပါသည်။

          တရုတ်နိုင်ငံသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိသော ဒူးရင်းသီးများကို ပြည်ပနိုင်ငံ များမှဝယ်ယူတင်သွင်းလျက်ရှိပြီးလက်ရှိတွင် ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခန့်၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် နှင့် မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ  ဘီလီယံခန့်  တင်ပို့လျက်ရှိရာ   မြန်မာနိုင်ငံအနေဖြင့်လည်း စျေးကွက် ရရှိရန် ကြိုးပမ်း ဆောင်ရွက် မည်ဖြစ် ကြောင်း သိရသည်။

          မြန်မာ့ဒူးရင်းသီးတွေကို  ပြည်ပစျေးကွက်မှာ နေရာရရှိစေဖို့ရည်ရွယ်ချက်ဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း၌ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပခဲ့တဲ့ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာ့ဒူးရင်းသီးအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ် လုပ်ငန်းရှင်တွေများ စိတ်ဝင်စားခဲ့ကြောင်း သိရှိရပါသည်။

          ယခုအခါ မြန်မာ့ဒူးရင်းသီးများကို ပြည်ပသို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ  အသင်းကိုလည်း ဖွဲ့စည်းထားပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် တို့မှ တိုင်းဒေသ ကြီးအဆင့်၊ ပြည်နယ်အဆင့်    ဖွဲ့စည်းထားသည့်အသင်းများကို စုစည်းကာ နိုင်ငံ အဆင့်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း၌ ဒူးရင်းသီးမျိုးကွဲပေါင်း ၁၈ မျိုးခန့်ရှိသည့် အနက်  စျေးကွက်သေချာသည့် ဒူးရင်းသီးမျိုးများကို အရည်အသွေးမြှင့်တင် ကာ တရုတ်နိုင်ငံ အပါအဝင် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒူးရင်းသီးစားသုံးမှု မြင့်မားသော နိုင်ငံများဖြစ်ကြပြီး    နှစ်စဉ်ပြည်ပမှ     ဒူးရင်းသီးတန်ချိန် အမြောက်အမြား တင်သွင်းလျက် ရှိကြောင်း     သိရသည်။ 

DOCA(ဧရာဝတီ)

ဓာတုဓာတ်ကြွင်းမပါဝင်သော ပဲတီစိမ်းများကို တရုတ်မှပြန်လည်ဝယ်ယူပေးမည်

   တရုတ်နိုင်ငံမှာမြန်မာ့ပဲတီစိမ်းများကို ပြန်လည်ဝယ်ယူမည်ဆိုသောကြောင့် ပြည်တွင်းစျေးကွက် တွင် ပဲတီစိမ်းအမျိုးအစားအချို့ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့် လများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ကျော်ကို ပြန်လည်ပို့ ဆောင်သည့်ဖြစ်စဥ်အပြီးတွင် တရုတ်နိုင်ငံမှမြန်မာ့ပဲတီစိမ်းအဝယ်ရပ်လိုက်သည်။ ထို့နောက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများမှာ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းများကို တရုတ်စျေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။ တစ်နှစ်လျှင် တန်ချိန်၁သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်စျေးကွက်မှ ၆၀ရာခိုင်နှုန်းကျော် စျေးကွက်ဝယ်ယူထားသည်။ ထို့ကြောင့် တရုတ်စျေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ကြောင့် ‌‌ဆောင်းပဲတီ စိမ်းစိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ် ဆေးများအပါအဝင် ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချ သူများကအကြံပြုထားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသတွင်းမှထွက်ရှိသော ဟင်းသီးဟင်းရွက်အခြောက်များကို တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိ

လယ်ယာထွက်ကုန်သီးနှံများ၏ စိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု၊ ပင်လယ် ရေကြောင်းမှ ပြည်ပတင်ပို့နိုင်မှုနှင့် လက်ကျန်အခြေအနေ

စိမ်းလန်းသော အသွင်ကူးပြောင်းရေးပဏာမခြေလှမ်းများ ကမ္ဘောဒီးယားစတင်

Pages

Subscribe to RSS - ပြည်တွင်းပြည်ပကုန်သွယ်မှု အချက်အလက်များ