မန်းမြို့တွင်း စပျစ်သီးဈေးကွက်

Powered by Drupal

   မန္တလေးမြို့တွင်းသို့  မိတ္ထီလာနယ်ဘက်မှ ထွက်ရှိသည့် စပျစ်သီးနှင့် ပုပ္ပါးနယ်ဘက်မှ ထွက်ရှိသော စပျစ်သီးအစိမ်းလုံးကြီးနှင့် အညိုလုံးသေးများ ဈေးကွက်တွင် လှိုင်လှိုင်ဝင်ရောက် လျက်ရှိပါသည်။ စပျစ်ဈေးကွက်အနေနှင့် အစိမ်းလုံးကြီး ၂ ပိဿာ ၅၀ ကျပ်သား (၁)ဖာလျှင် ၃၈၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်၊ စပျစ်ညိုလုံးသေး ၃ ပိဿာ (၁)ဖာလျှင် ၄၀၀၀၀ ကျပ်မှ ၄၂၀၀၀ ကျပ်တို့နှင့် ရောင်းဝယ်မှုရှိပြီး လက်လီဈေးအနေနှင့် အစိမ်းလုံးကြီး ၂၅ ကျပ်သား ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊အညိုလုံးသေး ၂၅ ကျပ်သား ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ဈေးနှုန်း များနှင့် ရောင်းဝယ်မှုရှိပြီး ဗမာစပျစ်သီးမျာသည် အချိုဓါတ်ရှိသောကြောင့် လူကြိုက်များသည့် သစ်သီးတစ်မျိုးဖြစ်သည့်အတွက် မန္တလေးမြို့တွင်းအနှံ့သစ်သီးမျိုးစုံတွန်းလှည်းများနှင့်လည်း လှည့်လည် ရောင်းချရာတွင် ပါဝင်အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)