ပြည်ပကုန်သွယ်မှုသတင်းများ
Powered by Drupal
၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံရောက်ရှိ
ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ခြင်းအတွက် ကမ္ဘာ့အချက်အခြာနေရာအဖြစ်ပေါ်ထွက်လာ
၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် ဒေါ်လာ ၃၉မှ ၄၀ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထား
ဗီယက်နမ်လူမျိုးများသည် နှစ်စဉ်ဆေးလိပ်အတွက် ဒေါ်လာ ၂ဘီလီယံနီးပါးသုံးစွဲ
ကမ္ဘောဒီးယားသို့ နှစ်စဉ်တရုတ်ခရီးသွားအနည်းဆုံး တစ်သန်းလာရောက်လည်ပတ်ရန် ကတိပြု
Texpo 2024 သည် ပို့ကုန်အမှာစာများအတွက် ဒေါ်လာသန်း၈၀၀ဆွဲဆောင်နိုင်ဖွယ်ရှိ
ကမ္ဘောဒီးယားနိုင်ငံနှင့် RCEP တို့၏ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၅ဘီလီယံကျော်မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) (RCEP) ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅.၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ခုနှစ်ထက် ၁၇.၁ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ RCEP အဖွဲ့ဝင်များနှင့် နိုင်ငံတော်ကုန်သွယ်မှုပမာဏသည် စုစုပေါင်းကုန်သွယ်မှု၏ ၆၁.၆ ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEP နိုင်ငံများသို့ ကုန်ပစ္စည်းဒေါ်လာ ၆.၇၆ ဘီလီယံတင်ပို့ခဲ့ပြီး RCEP နိုင်ငံများမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၇၈ ဘီလီယံတန်ဖိုးရှိကြောင်းသိရသည်။ RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၅နိုင်ငံပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်စေရေးအတွက် အထောက်အကူဖြစ်ပြီး နိုင်ငံတော်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အားထားရာဖြစ်ကြောင်းပြောကြားခဲ့သည်။ RCEP ၏သဘောတူညီချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်းအားဖြင့် ကမ္ဘောဒီးယား၏ RCEP နိုင်ငံများသို့တင်ပို့မှုသည် ၂၀၂၄ခုနှစ်ထက်ကျော်လွန်နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ Asean +3 Macroeconomic Research Office (AMRO) မှ စီးပွားရေးလုပ်ငန်းရှင် Hoe Ee Khor က အခွန်နှင့်အခွန်ကင်းလွတ်ခွင့်လျှေ့ချခြင်းသည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကို ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ရန်ပိုမိုလွယ်ကူစေသည်ဟုဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန်/ ထုတ်ကုန်များဖြစ်သည့် အထည်ချုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်များသည် RCEP အောက်တွင် အကောက်ခွန်လျှေ့ချမှုကြောင့် ဈေးကွက်ဝင်ရောက်မှုနှင့်အပြိုင် ဈေးနှုန်းများတိုးလာခြင်းမှ အကျိုးအမြတ်များစွာရရှိခဲ့သည်ဟုသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)
ယခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယား၏ အာဆီယံနှင့်ကုန်သွယ်မှု ၁၃% မြင့်တက်

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁.၇၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၉၁ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁.၄ ဘီလီယံရှိသည့် အတွက် အာဆီယံနှင့်ကုန်သွယ်မှုမှာ ထိုစုစုပေါင်းပမာဏ၏ ၂၈.၃% ရှိကြောင်းသိရပါသည်။ ထိုကာလအတွင်း ၎င်းတို့၏ထိပ်ဆုံးကုန်သွယ်ဖက် ၅နိုင်ငံမှာ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်ကြောင်းသိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရပါသည်။
Source : Times
DOCA(ရန်ကုန်)
၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ဒေါ်လာ ၅ဘီလီယံကျော်ရှိလာ

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိကြာမြင့်ခဲ့သော ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်လွန်သွားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA) ဥက္ကဋ္ဌ Nguyeh Nam Hai သည် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံနှစ်တွင် ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၁% လျေ့နည်းသွားကြောင်းပြောကြားခဲ့သည်။ ပမာဏလျေ့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးသည် ၃၃.၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံအထိရောက်ရှိခဲ့ကာ ကော်ဖီရာသီတွင် အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်ကော်ဖီတစ်တန်လျှင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ ၅.၄၆၉ ဒေါ်လာရှိပြီး ယခင်လထက် ၅.၈% နှင့် ၂၀၂၃ခုနှစ် စက်တင်ဘာလထက် ၆၈.၇% မြင့်တက်ခဲ့သည်။ ၂၀၂၄ သီးနှံနှစ်တွင် ပျမ်းမျှပို့ကုန်ဈေးမှာ တစ်တန်လျှင် ၃၆၇၃ဒေါ်လာဖြစ်ပြီးယခင်နှစ်ထက် ၅၀% နီးပါးမြင့်တက်လာသည်။ ထိုသို့သောဈေးနှုန်းဖြင့် ကော်ဖီသည် ဗီယက်နမ်၏ အဓိကစိုက်ပျိုးရေးပို့ကုန်များကြားတွင် ဈေးနှုန်းအမြင့်မားဆုံးတင်ပို့သည့် ထုတ်ကုန်ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ(EU) သည် ၂၀၂၃-၂၀၂၄ ခုနှစ်သီးနှံနှစ်တွင် ဗီယက်နမ်၏ အကြီးဆုံးကော်ဖီတင်ပို့သည့် ဈေးကွက်အဖြစ်ရပ်တည်ခဲ့ပြီး ပမာဏမှာ ၈.၆% ကျဆင်းခဲ့သော်လည်း တန်ဖိုး ၄၁% မြင့်တက်ခဲ့သည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် လွန်ခဲ့သည့်ရာသီတွင် ဗီယက်နမ်၏ ထပ်တန်းကော်ဖီတင်ပို့ရောင်းချသည့် ဈေးကွက်သုံးခုအဖြစ်ရပ်တည်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၀၇သန်း၊ အမေရိကန်ဒေါ်လာ ၄၁၇သန်းနှင့် အမေရိကန်ဒေါ်လာ ၄၁၃သန်းတို့ အသီးသီးရှိခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ဂျာမနီမှ ၃၇%၊ အီတလီမှ ၃၀% နှင့် စပိန်မှ ၇၅% တိုးတက်မှုနှုန်းကိုမြင်တွေ့ခဲ့ရသည်။ အခြားဈေးကွက်များဖြစ်သော ဂျပန် (၃၈% မြင့်တက်)နှင့် ရုရှား (၂၀% မြင့်တက်) တို့သည် ပမာဏကျဆင်းနေသော်လည်း ပို့ကုန်တန်ဖိုးမှာ အားကောင်းခဲ့ကြောင်းသိရသည်။
Source : Vietnamplus
DOCA(ရန်ကုန်)







