Languages

လယ်ယာထုတ် ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Powered by Drupal

နေပြည်တော်၊ နိုဝင်ဘာ ၅           

          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀  ပြည့်နှစ်ထွက် မိုးစပါးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း (၁၀၀)လျှင် ကျပ် (၅၂၀,၀၀၀)နှုန်းအောက် မကျသော ဈေးနှုန်းဖြင့် ဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေ (၂၀) ဘီလီယံကို ထုတ်ယူ၍ စပါးဝယ်ယူရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စပါးဝယ်ယူရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်အတွင်း စပါးဝယ်ယူရေးအတွက် တင်ဒါ ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ဆန်များ ပြန်လည်အပ်နှံရာတွင် လက်ခံနိုင်ရေး အတွက် သိုလှောင်ရုံများ ငှားရမ်းသုံးစွဲနိုင်မည့်အခြေအနေနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် အခြေအနေများအား ဆွေးနွေးပေးကြရန်နှင့် တင်ဒါစနစ်ဖြင့် စပါးဝယ်ယူရေးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခက်အခဲများအပေါ် အစည်းအဝေးတက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်း အဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့သည်။

   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ပြည်လည်ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

မူဝါဒ၊ DOCA