ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝကျေးရွာတွင် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှ ဦးသန်းဇော်လင်း(လက်ထောက်ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ခိုပဲဝကျေးရွာရှိ ဆီကြိတ်ခွဲရောင်းချသောလုပ်ငန်းရှင် ဉီးလှမျိုးထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။  

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်မှ ဦးသန်းဇော်လင်းက လုပ်ငန်းရှင်အမည်နှင့် မှတ်ပုံတင်အမှတ်၊ လုပ်ငန်းတည်နေရာများ၊ ဆက်သွယ်ရန်လိပ်စာ/ ဖုန်းနံပါတ်၊ အလုပ်သမားခန့်ထားမှုအင်အား၊ ဝန်ထမ်းအလုပ်သမား၏ အနိမ့်/အမြင့်ဆုံးလစာ၊ တစ်ရက်လျှင် ဆီကြိတ်ခွဲနိုင်မှု ပျမ်းမျှအခြေအနေ၊ လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေများကို မေးမြန်းခဲ့ပြီးနောက် ဆီစက်လုပ်ငန်းရှင်က ရာသီချိန်သီးနှံများထွက်ရှိ၍ အချိန်ကာလအလိုက်သာ ဆီများကြိတ်ခွဲရပြီး ကျန်အချိန်ကာလများတွင် ဆီကြိတ်ခွဲမှုများမရှိပါကြောင်း၊ မြို့ပေါ်တွင် ယခုလအတွင်း ဆီပေါက်ဈေးနှုန်းများအနေဖြင့် ပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  မုံညှင်းဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် ယခု လက်ရှိအချိန်တွင် အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းများမရှိဘဲ မြို့နယ်တွင်းသာ ဖြန့်ဖြူး ရောင်းချလျက်ရှိပါကြောင်း မေးမြန်းမှုအရ သတင်းရရှိပါသည်။

ဇင်မိုးဝါ( ကလေး )