တမူးမြို့နယ်၊ စော်ဘွား-၈ ရပ်ကွက်တွင် မုန့်ညှင်းဆီကြိတ်ခွဲရောင်းချသော ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တာဝန်ခံ၊ ဦးစွမ်းရည်သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်  စော်ဘွား-၈ရပ်ကွက်ရှိ ဆီကြိတ်ခွဲရောင်းချသော လုပ်ငန်းရှင် ဒေါ်ခင်မျိုးနွယ်ထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင် ဒေါ်ခင်မျိုးနွယ်က မိမိတို့ဆီစက်အနေဖြင့် မုန့်ညှင်းဆီကိုသာ အဓိကကြိတ်ခွဲရပြီး မုန့်ညှင်းဆံ (၁၆) ပြည် တစ်တင်း လျှင် (၆၀၀၀၀)ကျပ်ပေး၍ ဝယ်ယူရကြောင်း၊ မုန့်ညှင်းဆံ(၁) တင်းကြိတ်ခွဲလျှင် ဆီ(၅) ပိဿာထွက်ရှိပါကြောင်း၊ တစ်ရက်လျှင် တင်း (၄၀)ခန့် ကြိတ်ခွဲရ၍ ဆီထွက်ရှိမှုအနေဖြင့် ပိဿာ ချိန်(၂၀၀)ခန့်ထွက်ရှိကြောင်း၊ ဆီ(၁၀)ပိဿာဝင် တစ်ပုံးလျှင် (၁၃၀၀၀၀)ကျပ်ဖြင့် ရောင်းချရလျက်ရှိပြီး မုန့်ညှင်းဆီများကို  မြို့နယ်တွင်းသာ ရောင်းချရပါကြောင်းနှင့် ယခုနှစ်တွင် မုန့်ညှင်းဆံများ ဝယ်ယူရာ၌ ဈေးနှုန်းကြီးမြင့်သည့်အတွက် ဆီ‌ဈေးနှုန်းများလည်း ကြီးမြင့်ရခြင်း ဖြစ်ပါကြောင်း ဆီစက်လုပ်ငန်းရှင် ဒေါ်ခင်မျိုးနွယ်ထံမှ သိရှိရပါသည်။                                              

ဇင်မိုးဝါ(ကလေး)