တမူးမြို့နယ်၊ ကုန်တင်ကုန်ချရုံးတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌  တမူးမြို့တာဝန်ခံ၊ ဦးစွမ်းရည်(ဦးစီးမှူး)က ကုန်တင်/ကုန်ချရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ ( ၇၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံက ပထမဦးစွာ စားသုံးသူများရရှိနိုင်သည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊  စားသုံးသူများအနေဖြင့် ကုန်စည်၊ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများနှင့်ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်နည်းလမ်းများကို လည်းကောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဇင်မိုးဝါ (ကလေး)