စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက် နှင့်မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့် တို့သည် ၂၀၂၃ခုနှစ် မတ်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး          (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

    အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်မှ  Talk Show ရည်ရွယ်များနှင့်ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အကြို စားသုံးသူကာ ကွယ်ရေးအသိပညာပေး Talk Show ဖြင့် ပြည်သူများဗဟုသုတရဖွယ်အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲကြောင်း ဦးစွာ ပြောကြားကြောင်း၊ ထို့နောက်  မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြိုတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ ၁၉၆၂ခုနှစ်၌ အမေရိကန်ပြည် ထောင်စုသမ္မတ John F. Kennedy က စားသုံးသူများကို အလေးထားဂရုပြုသည့်အနေဖြင့် အမေရိကန်ပြည် ထောင်စုသမ္မတ John F. Kennedyမိန့်ခွန်းများအကြောင်း၊ မတ်လ၁၅ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သတ်မှတ်ပေးခဲ့သော ပထမဦးဆုံး ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အာဆီယံနိုင်ငံ(၁၀)နိုင်မှ အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)မှ ထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံအားလုံး၌လည်း ၂၀၁၅ခုနှစ်မှာ စားသုံးသူကာကွယ်ရေးဥပဒေများ ပြဌာန်းနိုင်ရေး ရည်မှန်းချက်ချမှတ်ခဲ့ကြကြောင်း၊ ထို့မှတဆင့် အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)မှ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ(ACCP)ကို ၂၀၀၇ခုနှစ်မှာ စတင်ဖွဲ့စည်းကြောင်း၊ အပြည်ပြည် ဆိုင်ရာစားသုံးသူများအဖွဲ့(Consumer International –CI)မှ ထုတ်ပြန်သည့် ဆောင်ပုဒ်နှင့် မြန်မာနိုင်ငံအတွင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့သည့် ကြောင်းအရာများ၊ ၂၀၂၃ ခုနှစ် မတ်လ ၁၅ရက်နေ့ ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သော “ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်း စွမ်းအင် ကူးပြောင်းစို့” အား စားသုံးသူ ပြည်သူများ သိရှိစေရန် Talk Show အစီအစဉ်မှာ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)