စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်ကြသော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ရွှေဘို၊ ကသာခရိုင်တို့တွင် စပါးဈေးအနည်းငယ်မြှင့်တက်နေရာ မုံရွာခရိုင်တွင် မနောသုခဆန်ဈေးမှာ အနည်းငယ်မြှင့်တက်နေပါကြောင်း၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ မတ်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၆၆၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၅၀၀၀)၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် (၂၁၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) တစ်အိတ်လျှင် ကျပ် (၇၀၀၀၀)၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၆၀၀၀၀၀)၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်လျှင်  ကျပ်(၆၀၀၀၀) များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် (၁၄၀၀၀၀၀)ကျပ်၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် (၅၀၀၀၀)၊ ငစိန်(စပါး)(သစ်) တင်း၁၀၀လျှင် (၁၃၀၀၀၀၀)ကျပ်၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ (၄၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၁၆၀၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် (၆၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၂၀၀၀၀၀)၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် (၆၀၀၀၀)၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် (၁၂၀၀၀၀၀)၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် (၆၀၀၀၀)၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် (၁၅၀၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် (၇၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၆၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၇၈၀၀)အိတ်၊ တန်အားဖြင့် (၇၈၉၀)စီးထွက်ခဲ့ပြီး၊ ယခု မတ်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၈၂၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၆၈၀၀)အိတ်၊ တန်အားဖြင့် (၈၃၄၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၉၀၀၀) တန်အားဖြင့် (၄၅၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။                      

မုံရွာ (DOCA)