ကသာခရိုင်တွင် ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ

Powered by Drupal

             ကသာခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲပုပ်သီးနှံ စိုက်ဧကပေါင်း ၅၃၅၉ ဧက ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လပထမပတ်၌ ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းကြပြီး ဒေသတွင်းပဲပုပ်ခြောက် လုပ်ငန်းများက ဝယ်ယူသိုလှောင်မှုများပြား၍ မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချမှုများ လည်းရှိကြောင်း သိရှိရပါသည်။

          ပဲပုပ်သီးနှံသည် အကြမ်းခံသောဆီထွက်သီးနှံဖြစ်သည်။ အခြားပဲသီးနှံများထက် တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်မှာ လျော့နည်းပြီး လေးသိန်းကျပ်ခန့်သာ ကုန်ကျပါသည်။ ပဲပုပ်သီးနှံကို စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းကြသည်။ ယခုနှစ် ပဲပုပ်သီးနှံ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းရှိပြီး ဒေသတွင်း တစ်တင်းဈေးမှာ ၇၀၀၀၀ ကျပ်ဈေးရှိသောကြောင့် တစ်ဧက အကျိုးအမြတ် ၆၅၀၀၀၀ ကျပ်ရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။ ပဲပုတ်သီးနှံကို အများအားဖြင့် မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်း ပဲပုပ်လုပ်ငန်းရှင်များမှလည်း ဝယ်ယူသိုလှောင်မှုကြကြောင်း ကသာခရိုင်၊ ပဲပြောင်းနှမ်းအသင်းဥက္ကဌ ဦးမြင့်သိန်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)