ဘီးလင်းမြို့တွင် ဝဥစိုက်ပျိုးထုတ်လုပ်မှုအသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

        ဝဥစိုက်ပျိုးမှုအကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲကို ဘီးလင်းမြို့နယ်၊ “မြင့်” စိုက်ပျိုးရေးဥယျာဉ်ခြံ၌ ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က တက်ရောက်ခဲ့ပြီး ဝဥစိုက်ပျိုးထုတ်လုပ်မှုပညာရှင် ဦးလှသိန်း (ဘုရားကြီး) က ကောင်းမွန်သော ဝဥစိုက်ပျိုးမှုနည်းလမ်း၊ မျိုးဥရွေးချယ်မှုနည်းလမ်း၊ စိုက်ပျိုးမှုနည်းစနစ်၊ သွင်းအားစုများအကြောင်း၊ ဝဥကုန်ချောထုတ်လုပ်မှုအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဘီးလင်းမြို့နယ်မှ ဝဥစိုက်တောင်သူ (၂၉) ဦးတက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန