တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ရှိ စျေး၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းအသိပညာပေး

Powered by Drupal

      ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရေဖြူမြို့ပေါ်ရှိ စျေး၊ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့သွားရောက်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း အများပြည်သူအား စျေးနှုန်းမြှင့်တင်ရောင်းချနေမှုမရှိစေရေး သွားရောက်အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေဖြူမြို့စျေးနှင့် ဆေးဆိုင်များ၊ ကုန်စုံဆိုင်များတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့မဖြစ်စေရေးနှင့် စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ​ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က  ဆေးဝါးများအား ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချရန်နှင့် တရားမဝင်ဆေးဝါးများမရောင်းချရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန