အခြေခံစားကုန်စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်

Powered by Drupal

    ကမ္ဘာ့ကပ်ရောဂါ Corona Virus 2019 ( COVID 19) ဖြစ်ပွားလျှက်ရှိသည့် အချိန်ကာလ အတွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မရှိမဖြစ်လိုအပ်သည့် အခြေခံစားကုန်စျေးနှုန်းများအား မလိုလား အပ်ဘဲ ပုံမှန်ထက်အဆမတန်တိုးမြှင့်ရောင်းချမှုများ ရှိ/မရှိ နှင့်စျေးကွက်စျေးနှုန်း အခြေအနေများအား သိရှိနိုင်ပါရန် ပဲခူးတိုင်းဒေသကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ ပဲခူးတိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်ကုန်သည်အသင်းတို့မှ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အဖွဲ့များပါဝင်၍ ပဲခူးမြို့မစျေးကြီး၊ ရွှေမော်ဓောဘုရားစျေး၊ ပဲခူးမြို့အတွင်းရှိဆန်ပွဲရုံများ၊ ဆီပွဲရုံနှင့်ကုန်ခြောက်ပွဲရုံများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး စျေးနှုန်းစျေးကွက်အခြေအနေများ ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိပြီး အဆမတန် ဈေးကြီးမြင့်မှုများ မရှိကြောင်း  သတင်းရရှိပါသည်။ 

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန