ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးသီးနှံ နှင့် ပဲမျိုးစုံ ၊ ပြောင်း စိုက်ပျိုးရာတွင် အထွက်နှုန်း လျော့နည်းမှုမရှိစေရေး ဓာတ်မြေဩဇာသုံးစွဲမှု

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီးတွင် ယခင်နှစ်ကနွေစပါးစိုက်ဧက (၁၃၇၈၈၉၅) ဧက ရှိခဲ့ပြီး တစ်ဧ ကလျှင် အထွက်နှုန်း (၉၇.၀၄) တင်း နှင့် အတွက်တင်းစုစုပေါင်း (၇၂၈၃၂၈၀၇) တင်း ထွက်ရှိခဲ့ပါ သည်။ ဧရာဝတီတိုင်းအတွင်း နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းစေရန်အတွက် တောင်သူ များ မှ ဓါတ်မြေဩဇာများကိုပုံမှန်သုံးစွဲလျက်ရှိပါသည်။တိုင်းဒေသကြီးအတွင်းတွင် နွေစပါးတစ်ဧက  လျှင် ယူရီးယား (၁.၅) အိတ် ၊ ကွန်ပေါင်း (၁) အိတ် ၊ တီစူပါ (၁) အိတ် ပျမ်းမျှ အနည်းဆုံး (၃) အိတ် မှ (၄) အိတ် ထိသုံးစွဲခဲ့ပြီး ဓါတ်မြေဩဇာ (၁) အိတ်ဈေးမှာ ရှစ်သောင်းကျပ်ခန့် မှ တစ်သိန်းကျပ် ခန့်ထိ ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင်နွေစပါး စိုက်ဧက(၁၄၂၆၃၅၈) ဧက လျာထားခဲ့ပြီး (၁၅.၁.၂၀၂၃) နေ့ ထိ (၁၂၂၄၄၅၀)စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

       ယခုနှစ်တွင် တောင်သူများမှာ ဆန်စပါးဈေးနှုန်း ပိုမိုရရှိခြင်းကြောင့် ဓါတ်မြေဩဇာ သုံးစွဲမှုအားလျော့နည်း သုံးစွဲမှု မရှိပဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ (၁)ဧက မှ (၁၀) ဧက ထိ စိုက်ပျိုး သည့်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ (၁၅၀၀၀၀) ကျပ် ကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးခြင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့မှ နိုင်ငံတော်ရန်ပုံငွေ ဖြင့် လျာထား နွေစပါး စိုက်ဧက အနက် မှ စိုက်ဧက (၄၀၅၀၀၀) ဧက အား ကျပ်ငွေ နှစ်သိန်း နှင့် ညီမျှသော ယူရီးယား ဓါတ်မြေဩဇာ (၂) အိတ် အားပံ့ပိုးပေးခြင်း ၊ သမဝါယမဦးစီးဌာနက သမဝါယမ အသင်းဝင်များအား တစ်ဧက လျှင် (၁၂၀၀၀၀)ကျပ် ချေးငွေထုတ်ပေးခြင်းများကြောင့် ဓါတ်မြေဩဇာသုံးစွဲမှုအား လျော့ နည်းသုံးစွဲခြင်း မရှိပဲ ပုံမှန်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

        ဧရာဝတီတိုင်းဒေသကြီးတွင် ပဲမျိုးစုံ နှင့်ပြောင်းအား စိုက်ပျိုးလျက်ရှိရာလျာထား ပဲမျိုးစုံ စိုက်ဧက (၁၆၀၆၈၈၃) ဧက ၊ ပြောင်းလျာထားစိုက်ဧက (၅၇၆၈၈) ဧက စိုက်ပျိုးရန် လျာထား ထားရှိခဲ့ပြီး ပဲမျိုးစုံတွင် ဓါတ်မြေဩဇာ အား မြေခံအဖြစ် အနည်းငယ်သာ အသုံးပြုပါသည်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဆောင်းသီးနှံ (၁) ဧက မှ (၁၀) ဧက အထိ စိုက်ပျိုး သည့်တောင်သူများ အား (၁၀၀၀၀၀) ကျပ် ချေး ငွေထုတ်ချေးခဲ့ပြီး ၊ နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့မှ ပဲတီစိမ်းစိုက်ဧက လျာထား (၂၆၉၆၈၅) ဧက အနက်မှ စိုက်ဧက (၁၅၀၀၀၀) အား တစ်ဧကလျှင်ငွေကျပ် (၁၂၀၀၀၀)နှင့် ညီမျှသော ရွက်ဖျန်းဆေးနှင့် ပိုးသတ်ဆေးများအား ပံ့ပိုးကူညီပေးခဲ့ပါသည်။ အစေ့ထုတ်ပြောင်း  စိုက်ပျိုးမှုအနေဖြင့် လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၁) ဧကမှ (၁၀) ဧကထိ စိုက်ပျိုးသည့် တောင်သူများအား (၁) ဧက လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ထုတ်ချေးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကလျှင် ယူရီးယား (၁.၅) အိတ် ၊ တီစူပါ(၁)အိတ် ၊ ကွန်ပေါင်း (၁) အိတ် စုစုပေါင်း (၃) အိတ်မှ (၄)အိတ် ပျှမ်းမျှသုံးစွဲကြောင်း၊ အစေ့ထုတ်ပြောင်း ယခင်နှစ် ဈေးမှာ တစ်တင်းလျှင် (၁၈၀၀၀)ကျပ် ၊ ယခုနှစ်တွင် တစ်တင်းဈေး(၂၀၀၀၀) ကျပ် ဖြစ်ပေါ်နေသဖြင့် တောင်သူများမှာဈေးကောင်းရရှိသည့်သီးနှံများဖြစ်သည့်အတွက် အထွက်နှုန်းကောင်း စေ ရန် ဓါတ်မြေဩဇာများကို ယခင်နှစ်နည်းများအတိုင်း ပုံမှန်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါ သည်။

DOCA(ဧရာဝတီ)