မော်လမြိုင်မြို့ အမှတ်(၁)ဈေးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

        မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင် ခရိုင်ဦးစီးမှူး ဒေါ်ခင်နွဲ့မူဆွေဦး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်နှင့်ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့၊ နံနက် ( ၁၀ ၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁) ဈေးကြီး၊ ဓမ္မာရုံ၌၊ မော်လမြိုင်မြို့ အမှတ်(၁)ဈေးနှင့် မြိုင်ရတနာ၄ထပ်ဈေးမှ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/ ၂၀၁၉)အား ရှင်းလင်းဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့် ဈေးအတွင်းရှိဆိုင်များအား ကွင်းဆင်းလေ့လာစိစစ်ခြင်း၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က တက်ရောက်လာသည့် လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် ( ၆၀)ဦး ခန့်ကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်            (၂/ ၂၀၁၉)ပါရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ လိုက်နာဆောင်ရွက်နိုင်ရေး၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် အခန်း(၁၈)စတင်အာဏာသက်ဝင်လာပြီဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ် power point ဖြင့် ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် တက်ရောက်သူများက ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွန်းအမှတ်အသားဖော်ပြရမည့်အသေးစိတ် စိစစ်ချက်၊ ကုန်စည်အုပ်စု(၈)စုမှ မိမိတို့နှင့် သက်ဆိုင်သည့်အုပ်စုတို့ကို ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ရန်လိုအပ်ချက်တို့အား မေးမြန်းမှုတို့အပေါ် ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြန်လည်ဖြေကြးပေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ စီးပွားရေးလုပ်ငန်းရှင်များ သိကောင်းစရာ လက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန