“ပဲစဉ်းငုံများအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းစျေးကွက်အလားအလာ”

Powered by Drupal

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၇၇၈)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၄၇၆)ဧက၊ မြစ်သား မြို့နယ်တွင်(၃၀၃)ဧက၊စုစု‌ပေါင်း(၁၅၅၇)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေး ဒင်္ဂါးမျိုးများကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ပဲစဉ်ငုံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့်(၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၄၀၀၀၀/)ကျပ် ကျော်မြတ်ခဲ့ကြောင်း ၊ ပဲစဉ်းငုံစျေးနှုန်း အနေဖြင့် စက်တင်ဘာလတွင် တစ်တင်းလျှင်(၁၀၅၀၀၀/-) ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင်တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ် မြင့်တက်လာကြောင်း၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချ လျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)