“မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဆပ်ပြာလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေရေး တပ်ဆင်ကူညီပေး”

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ-မုံရွာ ကားလမ်းမကြီးဘေး၊ ပညင်းရွာ၊ ရေစကြိုမြို့နယ်၌ “ကြယ်သုံးပွင့်”အမှတ်တံဆိပ် ဆပ်ပြာလုပ်ငန်းထုတ်လုပ်ရောင်း ချနေသော လုပ်ငန်းရှင်သည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁   ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ခရိုင်ဦးစီးမှူးရုံးခန်းတွင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ “ကြယ်သုံးပွင့်” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင် ဆံကေသာအားဖြည့် ပေါင်းဆီ ၊ မျက်နှာနှင့်ခန္ဓာကိုယ် ချေးချွတ်ပေါင်းတင်ဆေး၊ သဘာဝခေါင်းလျှော်ရည်၊ အသားဖြူ ရှားစောင်းတမာ ရေချိုးဆပ်ပြာ၊ သဘာဝ ခြင်၊ယင်၊ပြေးဆေး၊ ဘက်စုံသုံးဆပ်ပြာရည်နှင့် ဆပ်ပြာ(၂၂) မျိုးစသည့် ကုန်စည်များကို မိသားစုထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန်တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)