ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဈေးကွက်အတွင်းရောင်းချနေသော စိုက်ပျိုးရေးသုံးပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့်အတူတကွ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်များဆောင်ရွက်ခဲ့ရာ မြင်းပျံတံဆိပ်ဓာတ်မြေဩဇာအပါအဝင် အခြားဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး၊ မျိုးစေ့များနှင့်စပ်လျဉ်း၍ အတုအပနှင့် အရည်အသွေးနိမ့်စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)