
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် လမ်းမတော်(၂)လမ်း ဦးတင်ဦးမုန့်မျိုးစုံ ရောင်းဝယ်ရေးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်မှူး ဒေါ်ခိုင်ခိုင်ရီနှင့်ဝန်ထမ်းများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
