
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ စားအုန်းဆီများ စနစ်တကျ ရောင်းချမှု ရှိ/မရှိနှင့် စျေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်၁၂ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊မြို့နယ် မြို့မိမြို့ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့မအတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ စစ်ဆေးစဉ် ပူးပေါင်းအဖွဲ့မှ စားအုန်းဆီ ရောင်းချသူများအနေဖြင့် နေ့စဉ်ရရှိသော စားအုန်းဆီများကိုကပြည်သူများသို့ စာအုပ်ဖြင့် စနစ်တကျ ရောင်းချရန်၊ ပြင်ပမှ စားအုန်းဆီများ ဝယ်ယူသိုလှောင် သိမ်းဆည်းခြင်းနှင့် စျေးနှုန်းမြှင့်တင် ရောင်းချခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ ရောင်းချရာတွင်လည်း အလေးချိန် မှန်ကန်စွာ ချိန်တွယ်ရောင်းချရန် စသည့် အချက်များကို အသိပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
