ပန်းတနော်မြို့ ရွှေလှေကျေးရွာ ငါးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံသည်(၂၁.၁၂.၂၀၂၂) နေ့ (၁၀:၀၀) နာရီအချိန်တွင် ရွှေလှေကျေးရွာရှိ ငါးလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံ ဆွေးနွေးဟောပြောပွဲတွင်  လုပ်ငန်းရှင်တို့အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ လုပ်ငန်းရှင်တို့၏ လိုက်နာရမည်တာဝန်များ၊ တားမြစ်ချက်များအကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးဆုံးရှုံးမှုရှိလာပါက တိုင်ကြားလာမှုအပေါ် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုပါ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)