
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၂၄)ရက်နေ့ ၊ နံနက်(၉း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြစ်သားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဦးစီးအရာရှိ)ကတက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပြီး ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာနေစိုးအောင် က ဆိုးဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ များ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
